ကျွန်မတို့ဟာ ဘာကြောင့် မိမိကိုယ်မိမိ ယုံမှားသံသယစိတ်တွေ ခံစားရပြီး ဘဝတစ်လျှောက်လုံးမှာ အစဉ်အမြဲ ရုန်းကန်နေရတာပါလဲ။ ဒီအခက်အခဲ အားလုံးကို ကျော်လွှားဖို့အတွက် ဘာလိုအပ်နေပါသလဲ။ အခြေခံသဘောတရားအရကတော့၊ ခက်ခဲပင်ပန်းမှုဆိုတာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုပါ။ အခက်အခဲတွေ ကို ရင်ဆိုင်ပြီး ဘဝရဲ့စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မှသာလျှင် ကျွန်မတို့ရဲ့အကောင်းဆုံးအနေအထားကို ရရှိနိုင်မှာပါ။ အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ရင်ဆိုင်ကျော်လွှားရမှာပါ။
လူဟာ ခက်ခဲတဲ့အရာတွေကို ရင်ဆိုင်ရတဲ့အခါ ပိုပြီး တော်လာပါတယ်။ ကျွန်မတို့ဟာ စိတ်ခွန်အားကို အသုံးပြုပြီး ဆိုးရွားတဲ့အခြေအနေတွေထဲကနေ အကောင်းဆုံးကိုရရှိအောင် လုပ်နိုင်ပါတယ်။ ဒီအတွက် အရေးကြီးတာက သတ္တိ၊ ခွန်အားနဲ့၊ ဉာဏ်ပညာကို တိုးတက်အောင်လုပ်ဖို့ပါပဲ။ တစ်နည်းဆိုရရင်တော့ ကြံ့ကြံခံနိုင်စွမ်း ရှိလာအောင် လုပ်ဖို့ပါပဲ။
No New Notifications