Reader’s Paradise အကြောင်း

ကျွန်ုပ်တို့ဟာ စာပေချစ်မြတ်နိုးသူများပါ။

ကျွန်ုပ်တို့ ဖတ်ချင်တဲ့ စာပေတိုင်းကို ဖတ်ရှုနိုင်ဖို့ အချိန်မပေးနိုင်ကြတော့ပါဘူး။ ကျွန်ုပ်တို့ကို ပျော်ရွှင်မှုအနည်းအကျဥ်းသာပေးနိုင်သော လူမှုရေးကိစ္စ၊ အိမ်မှုကိစ္စ၊ ဖုန်းသုံးစွဲခြင်းတို့လို ကိစ္စလေးတွေကြောင့် ကျွန်ုပ်တို့အချိန်တွေ ကုန်ဆုံးနေကြပါတယ်။ ဒီလို အစီအစဥ်မကျသော အချိန်အနည်းငယ်လေးတွေကို တန်ဖိုးရှိ အကျိုးရှိတဲ့ အချိန်တွေ အဖြစ်သို့ ပြောင်းလဲပစ်ကြရအောင်လား။ အလုပ်အရှုပ်ဆုံးဆိုတဲ့သူများအတွက် ကမ္ဘာ့ကျော်သုတစာပေများမှ အဓိကကျတဲ့ အဆီအနှစ်တွေကို ကျွန်ုပ်တို့မှ ထုတ်နုတ်ပေးပါတယ်။

 

ကျွန်ုပ်တို့တည်ရှိနေခြင်းသည် သင့်ဘဝမြန်မြန်ဆန်ဆန်တိုးတက်လာစေရန် ကူညီပေးရန်ဖြစ်ပါတယ်။

ကျွန်ုပ်တို့အဖွဲ့သည် ကိုယ့်ကိုကိုယ်တိုးတက်အောင် အမြဲတမ်းအာသာပြင်းပြင်း လေ့လာသင်ယူနေကျသူတွေပါ။ ကျွန်ုပ်တို့၏ဘဝ တိုးတက်မှုနှုန်းကို စိတ်တိုင်းမကျ စိတ်ကျေနပ်မှုမရှိခြင်းကြောင့် Reader’s Paradise ကို ဖန်တီးခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လူမှုဘဝတိုးတက်မှု မြန်ဆန်စေဖို့ အထောက်အကူပြုနိုင်တဲ့ နည်းလမ်းအသစ်တွေကို ကျွန်ုပ်တို့က ဖန်တီးပါမယ်။ သင့်နေ့စဥ်ဘဝမှာ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ကျွန်ုပ်တို့ ဖန်တီးထားသော နည်းလမ်းတွေကို ကောင်းမွန်စွာ အသုံးချပြီး သင့်ဘဝတိုးတက်မှုလည်း မြန်ဆန်လာလိမ့်မည်ဟု ယုံကြည်ပါတယ်။

 

ကျွန်ုပ်တို့တည်ရှိနေခြင်းသည် သင့်အားစာအုပ်များများဖတ်ဖြစ်အောင် ကူညီပေးရန်။

ကျွန်ုပ်တို့တွေဟာ စာအုပ်များကို ချစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ချစ်တဲ့စာအုပ်များနှင့်ဘယ်သောအခါမှ ပြိုင်ဆိုင်မှုပြုလုပ်မည် မဟုတ်ပါ။ သင့်အား ကမ္ဘာပေါ်ရှိ နေရာအသီးသီးမှ စာရေးဆရာများ စာအုပ်ကောင်းများစွာတို့နှင့် မိတ်ဆက်ပေးပြီး စာအုပ်များများဝယ်ပြီးဖတ်ချင်စိတ်တိုးပွားလာရန် ကူညီပေးပါမယ်။ စာအုပ်တွေထဲကအဓိကအချက်တစ်ချက်ချင်းစီကို သေချာဂရုတစိုက် ဖန်တီးပေးထားတဲ့အတွက် စာအုပ်တစ်အုပ်ရဲ့ အဓိကဆိုလိုရင်းကို သင်သေချာနားလည်နိုင်ပြီး စာအုပ်ကို စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာတဲ့အတွက်ကြောင့် စာအုပ်တစ်အုပ်လုံး ဝယ်ဖတ်ဖြစ်ဖို့ အကောင်းဆုံးတွန်းအားပေးပါတယ်။

 

ကျွန်ုပ်တို့ရှိတည်နေခြင်းသည်အတူတကွလေ့လာနိုင်ရန်နှင့်စာဖတ်သူအချင်းချင်းဗဟုသုတအတွေ့အကြုံများမျှဝေနိုင်ရန် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန်ဖြစ်ပါတယ်။

လူတိုင်းမှာ သူတို့ရဲ့ဘဝကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ဖို့ တန်ဖိုးရှိလှတဲ့ မတူကွဲပြားတဲ့ အတွေ့အကြုံနဲ့ အကြံဥာဏ်များ ရှိကြပါတယ်။ ဒါကြောင့် အချင်းချင်းအပြန်အလှန် ကူညီနိုင်ရန်နှင့် အတွေ့အကြုံကောင်းများဖလှယ်နိုင်ရန် အကောင်းမြင်သော ပတ်ဝန်းကျင်တစ်ခုဖန်တီးထားခြင်း ဖြစ်ပါတယ်။ သင်ဖတ်နေတဲ့ စာအုပ်မှ တခြားသူများရဲ့ ထင်မြင်ချက်များ၊ မှတ်ချက်များကို ဖတ်ရှုနိုင်ပြီး သင့်ရဲ့ကိုယ်ပိုင်ပြဿနာများအတွက် အကြံဥာဏ်ကောင်းများ ရရှိနိုင်ပါတယ်။

 

ကျွန်ုပ်တို့တည်ရှိခြင်းသည် စာဖတ်ခြင်းမှရရှိမည့် အကြံဥာဏ်တွေကို လက်တွေ့အသုံးချဖြစ်လာအောင် ကူညီပေးရန် ဖြစ်ပါတယ်။

စာအုပ်တစ်အုပ်ကို ဖတ်ပြီး မနက်ဖြန်မှာ မေ့လိုက်ဖို့ သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေ ကုန်ဆုံးလိုက်မှာထက် စာအုပ်ထဲက အချက်တချက်ချင်းစီကို အပြင်မှာ လက်တွေ့လုပ်နိုင်ဖို့ အစီအစဥ်ရေးဆွဲတဲ့နေရာမှာ သင့်ရဲ့အချိန်တွေ အသုံးချလိုက်တာက ပိုအကျိုးရှိပါတယ်။ စာအုပ်ထဲမှ အကြံဥာဏ်တွေကို သင့်လက်တွေ့ဘဝနှင့်ချိတ်ဆက်ပြီး အမှန်တကယ် အသုံးချဖြစ်အောင် ကျွန်ုပ်တို့ ကူညီပေးပါမယ်။

 

 

Â