ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့လိုချင်တဲ့အရာတွေကို ဘယ်လိုရအောင် ကြိုးစားရမလဲလို့ တွေးကြံရင်းနဲ့ အချိန်ကုန်နေတတ်ပါတယ်။ ဒါကြောင့်လဲ “ ငှက်တွေက ပျံရင်းနဲ့သေတယ်၊ လူတွေက ကြံရင်းနဲ့ သေတယ် ” လို့ ရှေးလူးကြီးတွေ ပြောခဲ့ကြတာပါ။ ဒါပေမဲ့ ကျွန်ုပ်တို့သတိမထားမိတဲ့အရာ တစ်ခု ရှိနေပါသေးတယ်။ အဲ ဒါကတော့ လိုချင်တဲ့စိတ်ဆန္ဒတွေ ဘာ့ကြောင့် ဖြစ်လာသလဲဆိုတာပါ။ ဒီအချက်ကို လူတိုင်း တွေးခဲ ပါတယ်။ ဒီစာအုပ် ကို စာရေးသူက ရီနေး ဂီရာ့ဒ် Ren ѐ Girard ရဲ့ “ အတုခိုးထားတဲ့ လိုအင်ဆန္ဒ ” (mimetic desire) သီအိုရီကို အခြေခံပြီး ရေးသားထားပါတယ်။ အတုခိုးထားတဲ့ လိုအင်ဆန္ဒဆိုတာ အခြားသူတွေလိုချင်တာကို လိုက်လိုချင်တဲ့ ၊ အခြားသူတွေ ပိုင်ဆိုင်တာကို လိုက်ပြီးပိုင်ဆိုင်ချင်တဲ့ဆန္ဒပါ။ သူတစ်ပါးကို လိုက်အတုခိုးပြီး ဖြစ်ပေါ်လာတဲ့လိုအင်ဆန္ဒတွေကို သတိထားစောင့်ကြည့်ခြင်းက သင့်ဘဝအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ လိုအင်ဆန္ဒတွေကို မြင်သာထင်သာ ရှိလာစေလိမ့်မယ်လို့ စာရေးသူက ပြောပါတယ်။
No New Notifications