Mistakes Were Made (But Not by Me)

Carol Tavris and Elliot Aronson
  •  17 min
  •  Audio Available

လူတွေဟာ သူတို့ရဲ့အမှားတွေနဲ့ သံသယဖြစ်ဖွယ်လုပ်ရပ်တွေက တရားမျှတကြောင်း ဘာ့ကြောင့် ပြောတတ်ကြတာပါလဲ ဒီစာအုပ်ထဲမှာ လူမှုစိတ်ပညာရှင်တွေဖြစ်ကြတဲ့ စာရေးဆရာနှစ်ယောက်က ဒီမေးခွန်းရဲ့အဖြေကို ဖော်ပြထားပါတယ်။ ကျွန်တော်တို့ရဲ့ အတွေးတွေ၊ တန်ဖိုးထားမှုတွေနဲ့ အပြုအမူတွေက တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်ဖြစ်တဲ့အခါ သိမှု မညီညွတ်ခြင်း ” (Cognitive dissoance) ကို ကြုံရတတ် ပါတယ်။ ဥပမာ - တစ်ခုခုကို ကောင်းစွာ လုပ်တတ်တယ်လို့ ထင်နေပေမဲ့ တကယ်လုပ်တဲ့အခါ အမှားကြီးမှားသွားတတ်တာမျိုးပါ။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ရဲ့အသိအမြင်နဲ့ လက်တွေ့ရလဒ်တို့က မညီညွတ်တော့ပါဘူး။ ဒီအခြေအနေမှာ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှု က အပျော့စားအဆင့်ကနေ လုံးဝပြင်းထန်တဲ့အဆင့်ထိ ရောက်သွားနိုင်ပါတယ်။ လူတွေဟာ ဒီလို သိမှု မညီညွတ်ခြင်းတွေကနေ သက်သာရာရဖို့ အတွက် ကိုယ် လုပ်တာမှန်တယ်၊ တရားမျှတတယ်ဆိုပြီး မိမိ တရားမျှတကြောင်း တွေးယူခြင်း ” (Self - Justination)ကို ပြုလုပ်တတ်ကြ ပါတယ်။   

    • မိမိရဲ့ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ဖို့ ကြိုးစားချင်သူတွေ။ 
    • လူတွေရဲ့ စိတ်နေသဘောထားကို ပိုပြီး နားလည်ချင်သူတွေ။ 
    • မိမိ တရားမျှတကြောင်း တွေးယူခြင်းကို အမြဲလုပ်တတ်သူတွေ။ 


    • မိမိ တရားမျှတကြောင်းတွေးယူခြင်း (Self – Justification)ကို လူတွေက ဘာကြောင့် လုပ်ကြသလဲဆိုတဲ့အကြောင်း။  
    • မိမိ တရားမျှတကြောင်း တွေးယူခြင်း ရဲ့ သံသရာလည်နေပုံတွေနဲ့ 
    • အဲဒီသံသရာထဲက ရုန်းထွက်နိုင်မဲ့ နည်းလမ်းကောင်းတွေ။