Help & Support


ကျွန်ုပ်တို့ဟာ စာပေချစ်မြတ်နိုးသူများပါ။

ကျွန်ုပ်တို့ ဖတ်ချင်တဲ့ စာပေတိုင်းကို ဖတ်ရှုနိုင်ဖို့ အချိန်မပေးနိုင်ကြတော့ပါဘူး။ ကျွန်ုပ်တို့ကို ပျော်ရွှင်မှုအနည်းအကျဥ်းသာပေးနိုင်သော လူမှုရေးကိစ္စ၊ အိမ်မှုကိစ္စ၊ ဖုန်းသုံးစွဲခြင်းတို့လို ကိစ္စလေးတွေကြောင့် ကျွန်ုပ်တို့အချိန်တွေ ကုန်ဆုံးနေကြပါတယ်။ ဒီလို အစီအစဥ်မကျသော အချိန်အနည်းငယ်လေးတွေကို တန်ဖိုးရှိ အကျိုးရှိတဲ့ အချိန်တွေ အဖြစ်သို့ ပြောင်းလဲပစ်ကြရအောင်လား။ အလုပ်အရှုပ်ဆုံးဆိုတဲ့သူများအတွက် ကမ္ဘာ့ကျော်သုတစာပေများမှ အဓိကကျတဲ့ အဆီအနှစ်တွေကို ကျွန်ုပ်တို့မှ ထုတ်နုတ်ပေးပါတယ်။

 

ကျွန်ုပ်တို့တည်ရှိနေခြင်းသည် သင့်ဘဝမြန်မြန်ဆန်ဆန်တိုးတက်လာစေရန် ကူညီပေးရန်ဖြစ်ပါတယ်။

ကျွန်ုပ်တို့အဖွဲ့သည် ကိုယ့်ကိုကိုယ်တိုးတက်အောင် အမြဲတမ်းအာသာပြင်းပြင်း လေ့လာသင်ယူနေကျသူတွေပါ။ ကျွန်ုပ်တို့၏ဘဝ တိုးတက်မှုနှုန်းကို စိတ်တိုင်းမကျ စိတ်ကျေနပ်မှုမရှိခြင်းကြောင့် Reader’s Paradise ကို ဖန်တီးခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လူမှုဘဝတိုးတက်မှု မြန်ဆန်စေဖို့ အထောက်အကူပြုနိုင်တဲ့ နည်းလမ်းအသစ်တွေကို ကျွန်ုပ်တို့က ဖန်တီးပါမယ်။ သင့်နေ့စဥ်ဘဝမှာ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ကျွန်ုပ်တို့ ဖန်တီးထားသော နည်းလမ်းတွေကို ကောင်းမွန်စွာ အသုံးချပြီး သင့်ဘဝတိုးတက်မှုလည်း မြန်ဆန်လာလိမ့်မည်ဟု ယုံကြည်ပါတယ်။

 

ကျွန်ုပ်တို့တည်ရှိနေခြင်းသည် သင့်အားစာအုပ်များများဖတ်ဖြစ်အောင် ကူညီပေးရန်။

ကျွန်ုပ်တို့တွေဟာ စာအုပ်များကို ချစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ချစ်တဲ့စာအုပ်များနှင့်ဘယ်သောအခါမှ ပြိုင်ဆိုင်မှုပြုလုပ်မည် မဟုတ်ပါ။ သင့်အား ကမ္ဘာပေါ်ရှိ နေရာအသီးသီးမှ စာရေးဆရာများ စာအုပ်ကောင်းများစွာတို့နှင့် မိတ်ဆက်ပေးပြီး စာအုပ်များများဝယ်ပြီးဖတ်ချင်စိတ်တိုးပွားလာရန် ကူညီပေးပါမယ်။ စာအုပ်တွေထဲကအဓိကအချက်တစ်ချက်ချင်းစီကို သေချာဂရုတစိုက် ဖန်တီးပေးထားတဲ့အတွက် စာအုပ်တစ်အုပ်ရဲ့ အဓိကဆိုလိုရင်းကို သင်သေချာနားလည်နိုင်ပြီး စာအုပ်ကို စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာတဲ့အတွက်ကြောင့် စာအုပ်တစ်အုပ်လုံး ဝယ်ဖတ်ဖြစ်ဖို့ အကောင်းဆုံးတွန်းအားပေးပါတယ်။

 

ကျွန်ုပ်တို့ရှိတည်နေခြင်းသည်အတူတကွလေ့လာနိုင်ရန်နှင့်စာဖတ်သူအချင်းချင်းဗဟုသုတအတွေ့အကြုံများမျှဝေနိုင်ရန် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန်ဖြစ်ပါတယ်။

လူတိုင်းမှာ သူတို့ရဲ့ဘဝကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ဖို့ တန်ဖိုးရှိလှတဲ့ မတူကွဲပြားတဲ့ အတွေ့အကြုံနဲ့ အကြံဥာဏ်များ ရှိကြပါတယ်။ ဒါကြောင့် အချင်းချင်းအပြန်အလှန် ကူညီနိုင်ရန်နှင့် အတွေ့အကြုံကောင်းများဖလှယ်နိုင်ရန် အကောင်းမြင်သော ပတ်ဝန်းကျင်တစ်ခုဖန်တီးထားခြင်း ဖြစ်ပါတယ်။ သင်ဖတ်နေတဲ့ စာအုပ်မှ တခြားသူများရဲ့ ထင်မြင်ချက်များ၊ မှတ်ချက်များကို ဖတ်ရှုနိုင်ပြီး သင့်ရဲ့ကိုယ်ပိုင်ပြဿနာများအတွက် အကြံဥာဏ်ကောင်းများ ရရှိနိုင်ပါတယ်။

 

ကျွန်ုပ်တို့တည်ရှိခြင်းသည် စာဖတ်ခြင်းမှရရှိမည့် အကြံဥာဏ်တွေကို လက်တွေ့အသုံးချဖြစ်လာအောင် ကူညီပေးရန် ဖြစ်ပါတယ်။

စာအုပ်တစ်အုပ်ကို ဖတ်ပြီး မနက်ဖြန်မှာ မေ့လိုက်ဖို့ သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေ ကုန်ဆုံးလိုက်မှာထက် စာအုပ်ထဲက အချက်တချက်ချင်းစီကို အပြင်မှာ လက်တွေ့လုပ်နိုင်ဖို့ အစီအစဥ်ရေးဆွဲတဲ့နေရာမှာ သင့်ရဲ့အချိန်တွေ အသုံးချလိုက်တာက ပိုအကျိုးရှိပါတယ်။ စာအုပ်ထဲမှ အကြံဥာဏ်တွေကို သင့်လက်တွေ့ဘဝနှင့်ချိတ်ဆက်ပြီး အမှန်တကယ် အသုံးချဖြစ်အောင် ကျွန်ုပ်တို့ ကူညီပေးပါမယ်။

ဆန်းသစ်ပြီး သင့်လိုအပ်ချက်နှင့် ဆီလျော်သော အကြံဥာဏ်နှင့် ဗဟုသုတအသစ်များကို သင်တို့ရဲ့ မအားလပ်သော ဘဝများထဲသို့ ပေါင်းစပ်ပေးနိုင်ဖို့ စာဖတ်ခြင်းပုံစံအသစ် အတွေ့အကြုံသစ်များကို ဖန်တီးပြီး မိတ်ဆက်ပေးပါရစေ။ 

  • ကမ္ဘာကျော်စာအုပ်များမှ အဓိကအဆီအနှစ် Key Points များ။
  • စာအုပ်ထဲမှ အကြံဥာဏ်များကို လက်တွေ့ဘဝနှင့်ချိတ်ဆက် အသုံးချနိုင်ဖို့ အပြန်အလှန်မေးခွန်း Interactive Questions များ။
  • ဘယ်အချိန်ပြန်ကြည့်ကြည့်စာအုပ်ထဲမှ အနှစ်ချုပ်များကို မှတ်မိနိုင်ဖို့ စာအုပ်တစ်အုပ်လုံးကို ဓါတ်ပုံတစ်ပုံအဖြစ် ပြောင်းလဲထားသော Mind Mapping များ။
  • Key Points များထဲမှ လိုအပ်သော ကြိုက်နှစ်သက်သော စာသားများကို မှတ်သားထားနိုင်ပြီး စာသားများနှင့်ပတ်သက်ပြီး ကိုယ်ပိုင်မှတ်စုများ ရေးသားထားနိုင်သော Highlight & Notes ။
  • ဘတ်စ်ကားပေါ်မှာဖြစ်ဖြစ်၊ ချက်ပြုတ်နေရင်းပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်နေရင်းပဲဖြစ်ဖြစ် နားထောင်ရင်း သင့်အချိန်များကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် Audio Books များ။
  • စာအုပ်နှင့် ပတ်သက်ပြီး အတွေ့အကြုံနှင့် အကြံဥာဏ်အသစ်များမျှဝေဖို့နှင့် ဆွေးနွေးနိုင်ဖို့ Community အသစ်တစ်ခု တို့ပဲဖြစ်ပါတယ်။

စာအုပ်အမျိုးအစားပေါင်း (၁၆) မျိုးပါဝင်ပါမယ်။

  • 📖 Society & Culture
  • 📖 Productivity
  • 📖 Personal Development
  • 📖 Parenting
  • 📖 Motivation & Inspiration
  • 📖 Money & Investment
  • 📖 Mindfulness & Happiness
  • 📖 Marketing & Sales
  • 📖 Management & Leadership
  • 📖 Health & Nutrition
  • 📖 Entrepreneurship
  • 📖 Creativity
  • 📖 Corporate Culture
  • 📖 Communication Skills
  • 📖 Career & Success
  • 📖 Biography & Memoir

Member အမျိုးအစား (၃) မျိုး ရှိပါတယ်။

၁။ Free Member

  • တစ်ပတ် တစ်အုပ်ဖတ်ရှူခွင့်။

၂။ 6 Monthly Subscription Premium Member

  • Reader’s Paradise မှ စာအုပ်အားလုံး အကန့်အသတ်မဲ့ဖတ်ရှူခွင့် နှင့် Features အားလုံးအသုံးပြုခွင့်။

၃။ Yearly Subscription Premium Member

  • Special Discount ရရှိမှု။
  • Reader’s Paradise မှ စာအုပ်အားလုံး အကန့်အသတ်မဲ့ဖတ်ရှူခွင့် နှင့် Features အားလုံးအသုံးပြုခွင့်။

၁။ အောက်ပါ လင့်ကိုနှိပ်ပြီး Reader’s Paradise website သို့သွားပါ။

https://readersparadisemm.com

 

၂။ Reader’s Paradise website ရဲ့ Main Page သို့ရောက်လျှင် “အကောင့်ဝင်ရန်” (သို့မဟုတ်) “အခမဲ့ဖတ်ရှုမည်။” ကိုနှိပ်ပါ။

 

၃။ Login Page သို့ရောက်ရှိမည်ဖြစ်ပြီး၊ “စာရင်းပေးသွင်းရန်” ကိုနှိပ်ပါ။

 

၄။ “အမည်”၊ “အီးမေးလ်”၊ “ဖုန်းနံပါတ်”၊ “စကားဝှက်” နှင့် “အတည်ပြု စကားဝှက်” များဖြည့်သွင်းပြီး “အကောင့်အသစ်ဖွင့်ရန်” ကိုနှိပ်ပါ။

 

၅။ “အကောင့်အသစ်ဖွင့်လို့ပြီးပါပြီ။

၁။ အောက်ပါ လင့်ကိုနှိပ်ပြီး Reader’s Paradise website သို့သွားပါ။

https://readersparadisemm.com

 

၂။ Reader’s Paradise website ရဲ့ Main Page သို့ရောက်လျှင် “အကောင့်ဝင်ရန်” (သို့မဟုတ်) “အခမဲ့ဖတ်ရှုမည်။” ကိုနှိပ်ပါ။

 

၃။ Login Page သို့ရောက်ရှိမည်ဖြစ်ပြီး၊ “ဖေ့စ်ဘွတ်ဖြင့် စာရင်းဝင်ရန်” ကိုနှိပ်ပါ။

 

၄။ “Continue as ---” ကိုနှိပ်ပါ။

 

၅။ Facebook Account နှင့် Free Member အကောင့်အသစ်ဖွင့်ခြင်းပြီးပါပြီ။

၁။ အောက်ပါ လင့်ကိုနှိပ်ပြီး Reader’s Paradise website သို့သွားပါ။

https://readersparadisemm.com

 

၂။  “အကောင့်ဝင်ရန်” ကိုနှိပ်ပါ။

 

၃။   “အီးမေးလ်” နှင့် “စကားဝှက်” ကိုဖြည့်သွင်းပါ။ ပြီးလျှင် “အကောင့်ဝင်ရန်” ကိုနှိပ်ပါ။

 

၄။  အကောင့်၀င်ရောက်ခြင်းပြီးဆုံးပါပြီ။

၁။ Main Page မှ သင့် ပရိုဖိုင်ပုံကိုနှိပ်ပါ။

 

၂။ “အီးလ်မေး” နေရာတွင် ပြောင်းလဲလိုသော အီးလ်မေးလိပ်စာကိုထည့်ပါ။ ပြီးလျှင် “ပရိုဖိုင်


ပြင်ဆင်ရန်” ကိုနှိပ်ပါ။

၁။ Main Page မှ သင့် ပရိုဖိုင်ပုံကိုနှိပ်ပါ။

 

၂။ “စကားဝှက်” နှင့် “အတည်ပြုစကားဝှက်” နေရာတွင် ပြောင်းလဲလိုသော စကားဝှက်နှင့် အတည်ပြုစကားဝှက်တို့ကိုကိုထည့်ပါ။ ပြီးလျှင် “ပရိုဖိုင် ပြင်ဆင်ရန်” ကိုနှိပ်ပါ။

 


ပြင်ဆင်ရန်” ကိုနှိပ်ပါ။

၁။ အောက်ပါ လင့်ကိုနှိပ်ပြီး Reader’s Paradise website သို့သွားပါ။

https://readersparadisemm.com

 

၂။ “အကောင့်ဝင်ရန်” ကိုနှိပ်ပါ။

 

၃။ “သင်၏စကားဝှက်ကိုမေ့နေသလား?” ကိုနှိပ်ပါ။

            

၄။ သင်၏ Login အီးလ်မေးလိပ်စာကိုထည့်ပါ။ ပြီးလျှင် “SAVE” ကိုနှိပ်ပါ။

 

၅။ “OK” ကိုနှိပ်ပါ။

 

၆။ readersparadisemm@gmail.com မှသင့်အီးလ်မေးပေးပို့မည်ဖြစ်ပြီး၊ လက်ခံရရှိသော အီးလ်မေးကို ဖွင့်ပြီး “RESET PASSWORD” ကိုနှိပ်ပါ။

 

၇။ ပြောင်းလိုသော စကားဝှက် နှင့် အတည်ပြုစကားဝှက်များကို ထည့်သွင်းပြီး၊ “Reset Password” ကိုနှိပ်ပါ။

 

၈။ Password Reset လုပ်ခြင်း ပြီးဆုံးပါပြီ။

၁။ Free Member ဝင်ပြီး Main Page တွင်ရှိသော စျေးနှုန်းများသို့ ဝင်ပါ။

 

၂။ သင်ကြိုက်နှစ်သက်ရာ ပေးချေမှုအစီအစဥ်မှ “အခုပဲမှာယူလိုက်ပါတော့” ကို နှိပ်ပါ။

 

၃။ “ငွေလွှဲနိုင်သော အကောင့်များ” အောက်ရှိ ဘဏ်အကောင့်တစ်ခုခုထံသို့ ငွေလွှဲနိုင်ပြီး၊ ဘဏ်ငွေလွှဲပြီးကြောင်းသက်သေခံကို ဓါတ်ပုံရိုက်ပြီး “Browse”ကိုနှိပ်ပြီး တွဲပေးပါ။ “Remark” နေရာတွင် Reader’s Paradise သို့သိရှိစေရန် အကြောင်းအရာများရေးသားနိုင်ပြီး၊ “လုပ်ဆောင်ပါမည်”ကိုနှိပ်ပါ။

၁။ “လုပ်ဆောင်ပါမည်”ကိုနှိပ်ပြီး ဖေါ်ပြပါ စာကြောင်းပေါ်လာပါက အခကြေးငွေပေးချေခြင်း အောင်မြင်သည်ဟု သတ်မှတ်နိုင်ပြီး Reader’s Paradise မှ အတည်ပြုမှုကိုစောင့်ပေးပါ။

၁။ Main Page မှ “လေ့လာရန်” ကိုနှိပ်ပါ။ သင်ရှာဖွေေနေသာ အမျိုးအစားကို နှိပ်ပါ။

 

၁။ Main Page မှ “စာအုပ်စင်” ကို နှိပ်ပါ။

 

၂။ “လက်ရှိဖတ်နေသောစာအုပ်များ” နှင့် “ဖတ်ပြီးသောစာအုပ်များ” ကိုအောက်ပါအတိုင်း ခွဲခြားကြည့်ရှုနိုင်ပါသည်။

၁။ စာအုပ်တစ်အုပ်ချင်းစီ၏ Cover Page သို့သွားပြီး “အကြိုက်ဆုံးသို့ထည့်ပါ” ကို နှိပ်၍ မှတ်သားထားနိုင်ပါသည်။

 

၁။ Main Page မှ Profile Photo ထံသွား၍ အကြိုက်ဆုံးများကိုနှိပ်၍ ကြည့်နိုင်ပါသည်။

 

 

၁။ မှတ်သားလိုသောစာကို Select လုပ်ခြင်းဖြင့် မှတ်သားထားနိုင်ပါတယ်။ မှတ်သားထားပြီးစာကို သိရှိနိုင်ရန် အဝါရောင် Highlight လုပ်ပေးမှာဖြစ်ပါတယ်။

 

၁။ အဝါရောင် Highlight လုပ်ထားသော မှတ်သားထားသည့်စာကို နှိပ်ပါ။ ခဲဖျက်ပုံစံ အမှတ်အသားလေးပေါ်လာမည်ဖြစ်ပြီး ၎င်းကို နှိပ်ခြင်းဖြင့် မှတ်သားထားသည်ကို ပြန်ဖျက်နိုင်ပါသည်။

 

၁။ Main Page ရှိ “မှတ်သားထားချက်များ” ကိုနှိပ်ပါ။

 

၂။ မှတ်သားထားတဲ့စာများကို စာအုပ်အမည်အလိုက်ကြည့်နိုင်ပါသည်။

၁။ ကိုယ်ပိုင်မှတ်စုရေးမည့် စာအုပ်ကို နှိပ်ပါ။

 

၂။ မှတ်စုရေးလိုသောစာအောက်တွင်ရှိသော “Edit”ကိုနှိပ်ပါ။

 

၃။ “Your Note” နေရာတွင် မှတ်စုရေးသားနိုင်ပြီး။ “Save” ကိုနှိပ်၍ မှတ်သားပါ။

 

၁။ “A+” ကိုနှိပ်၍ စာလုံးကြီးနိုင်သလို၊ “A-“ ကိုနှိပ်၍ စာလုံးသေးနိုင်ပါသည်။

 

၁။ ဖတ်ပြီးသော Key Points များသည် အစိမ်းရောင်သို့ပြောင်းလဲသွားမည် ဖြစ်သည်။

 

၁။ Key Point တစ်ခုစီတိုင်းအောက်ရှိ Audio Icon ကိုနှိပ်ပြီး နားဆင်နိုင်ပါသည်။

 

၁။ Key Points တစ်ခုစီတိုင်း၏ ဘယ်ဘက်တွင်ရှိသော အကြောင်းသုံးခုကို နှိပ်ပါ။

 

 

၂။ ပြုလုပ်လိုသော Exercise ကိုနှိပ်ပါ။

 

၃။ အောက်တွင်ဖော်ပြထားသော Text Box တွင် ရေးသားပြီး “Save” ကိုနှိပ်၍ သိမ်းဆည်းထားပါ။

၁။ အောက်ပါ Link ကိုနှိပ်ပါ။

https://www.facebook.com/groups/readersparadisemm

 

၂။ “Join Group” ကိုနှိပ်ပါ။

 

၃။ Premium Member များအတွက် Reader’s Paradise မှ Community Group ပေးပို့သော စကားဝှက်ကိုရိုက်ထည့်ပါ။

 

၄။ Community Group ၏စည်းကမ်းချက်များကို သေချာစွာဖတ်ရှူပြီး “သိရှိပါသည်။ လိုက်နာပါမည်။” နှင့် “I agree to the group rules” တို့ကို check လုပ်ပြီး “Submit” ကိုနှိပ်ပါ။

 

 

၁။ ဘယ်ဖက် တွင်ရှိသော “Facebook Icon” ကိုနှိပ်ပါ။

 

၂။ Facebook စာမျက်နှာသို့ရောက်သွားလျှင် “Share in a group” ကို ရွေးပါ။

 

 

၃။ ကွက်လပ်တွင် “Reader’s Paradise” လို့ရိုက်ထည့်ပြီး “Reader’s Paradise Community Group” ကိုရွေးပါ။

 

၄။ တစ်စုတစ်စည်းထဲပြန်လည်ကြည့်နိုင်ရန် မျှဝေလိုသော စာအုပ်ခေါင်းစဥ် အရှေ့တွင် “#” ခံပြီး ဖေါ်ပြပေးပါ။ ခေါင်းစဥ်အောက်တွင် မိမိမျှဝေလိုသည်ကိုရေးသားပါ။