ကျွန်မတို့ဟာ ကျွန်မတို့မျက်စိရှေ့က မြင်သမျှအရာရာတိုင်းကို အမှန်လို့ ယူဆပြီး နေထိုင်ရှင်သန်လေ့ ရှိကြပါတယ်။ ဒါပေမယ့်၊ ကျွန်မတို့ရဲ့မျက်လုံးတွေက ဘယ်တော့မှ ဖြစ်စဉ်တစ်ခုလုံးကို အမှန်အတိုင်း မပြောပြနိုင်၊ မမြင်နိုင်ပါဘူး။ မပြည့်စုံတဲ့ ယူဆချက်တွေနဲ့အတူ လိုအပ်ချက်တွေ အမြဲကျန်နေတတ်ပြီး အဲ့ဒီလိုအပ်ချက်တွေကို စိတ်မှန်းနဲ့ မှားယွင်းစွာ ဖြည့်စွက်တတ်ကြပါသေးတယ်။ ပြီးတော့၊ ကျွန်မတို့ဟာ အမှားတွေကို သတိမထားမိဘဲ ထပ်တလဲလဲ လုပ်နေတတ်ပါတယ်။ ဒါတွေက ကျွန်မတို့အတွက် ဆုံးဖြတ်ချက်အမှားတွေ ဖြစ်စေနိုင်ပါတယ်။
တကယ်တော့ ကျွန်မတို့ရဲ့အမြင်နဲ့ လက်တွေ့အဖြစ်တွေကြားက ကွာဟချက်ဟာ တော်တော်လေး အားကောင်းပါတယ်။ မျက်လုံးတွေရဲ့ လှည့်စားတတ်မှုကို ကျွန်မတို့ နားလည်သွားတဲ့အခါ ကျွန်မတို့ရဲ့အယူအဆတွေ ပြောင်းလဲလာပြီး၊ အတားအဆီးတွေကို ပုံစံတစ်မျိုးပြောင်းကာ ကြည့်တတ်လာပါတယ်။ ဒီနည်းကပဲ ကျွန်မတို့ ဘဝအတွက် အောင်မြင်မှုလမ်းကြောင်းကို ဖော်ဆောင်ပေးနိုင်ပါတယ်။
ဘဝမှာ ကြီးမားတဲ့အောင်မြင်မှုတွေကိုပိုင်ဆိုင်နိုင်သူတွေဟာ သူတို့ရဲ့ဦးနှောက်နဲ့ မျက်လုံးကို ဟန်ချက် ညီအောင် ထိန်းသိမ်းနိုင်စွမ်းရှိကြသူများ ဖြစ်ပါတယ်။ ဒီစာအုပ်က အဲဒီလိုပုဂ္ဂိုလ်တွေရဲ့ အလေ့အထကောင်းတွေကို မျှဝေထားတဲ့စာအုပ် ဖြစ်ပါတယ်။ ဒါကြောင့်၊ အမြင်နဲ့လက်တွေ့ကြားက ကွာဟမှုကို ဘယ်လိုအကျိုးရှိအောင် အသုံးချနိုင်သလဲဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။
No New Notifications