လတ်တလောနှစ်တွေမှာ နည်းပညာ ကုမ္ပဏီတိုင်းနီးပါးကို လုပ်ငန်းသစ်မြှုပ်နှံသူ (Venture Capitalist) လုပ်ငန်းတွေက ငွေကြေးထောက်ပံ့ပေးထားတာကြောင့် လုပ်ငန်းသစ်တည်ထောင်ရာမှာ သူတို့တွေရဲ့ဩဇာက ကြီးမားလာပါတယ်။ ဒီလုပ်ငန်းကို အတိုကောက်အားဖြင့် ဗွီစီ (VC) လို့ပဲ ခေါ်ကြပါစို့။ ဆန္ဒပြင်းပြတဲ့ စွန့်ဦးတီထွင်သူတွေ အနေနဲ့ ဗွီစီလုပ်ငန်းတွေက ဘာကို လိုချင်တယ်ဆိုတာနဲ့ မိမိရဲ့လုပ်ငန်းအစီအစဉ်ကို ဘယ်လို အကောင်းဆုံး ဖော်ပြရမလဲဆိုတာ သိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် စီမံခန့်ခွဲရေးအသင်းကောင်းတစ်ခု ဖွဲ့ထားပါ။ မိမိလုပ်ငန်းအကြောင်း ဘယ်လိုဇောင်းပေးဖော်ပြရမလဲဆိုတာ လေ့လာပါ။ သင့်ရဲ့ လုပ်ငန်းစတင်တည်ထောင်တဲ့ အိပ်မက်ကို အသက်သွင်းရာမှာ ဘဏ္ဍာငွေလုံလောက်ဖို့ကလဲ အရေးပါတဲ့အပိုင်းတစ်ခု ဖြစ်ပါတယ်။
No New Notifications