Blue Ocean Shift

W. Chan Kim and Renée Mauborgne
  •  23 min
  •  Audio Available

ကုမ္ပဏီအများစုက ယှဉ်ပြိုင်တိုက်ခိုက်မှုပြင်းထန်တဲ့ဈေးကွက်ဟောင်းထဲမှာ တိုက်ပွဲဝင်နေကြပါတယ်။ ဒါပေမဲ့ အဲ့လို လိုက်လုပ်စရာမလိုပါဘူး။ နည်းစနစ်တကျနဲ့ အခွင့်အရေးတွေအများကြီးရှိတဲ့ ဈေးကွက်သစ်ထဲကို ပြိုင်ဘက်တွေမရှိဘဲ ရွှေ့ပြောင်းနိုင်ပါတယ်။

သင်ဟာ အဖွဲ့အစည်းတစ်ခုခုမှာ အလုပ်လုပ်နေသူတစ်ယောက်ဖြစ်ရင် ပြင်းထန်ပြီး ပြည့်ကြပ်နေတဲ့ ဈေးကွက် ယှဉ်ပြိုင်မှုထဲမှာ တိုက်ခိုက်နေရတာကို အသားကျပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ ဒီပြိုင်ဆိုင်မှုတွေက ဖောက်ထွက် ပြီး လူသိနည်းတဲ့ဈေးကွက်သစ်ရှာဖွေဖို့ လမ်းကြောင်းရှိတာကို တွေးမိပါသလား။

စာရေးသူရဲ့ ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံတွေအရ ယှဉ်ပြိုင်တိုက်ခိုက်မှုတွေ များပြားလှတဲ့ ဈေးကွက်ဟောင်းထဲကနေ အခွင့်အရေးသစ်တွေမြောက်များစွာရှိတဲ့ ဈေးကွက်သစ်ဆီ ပြောင်းလဲနိုင်မယ့် နည်းလမ်းတွေ ပြသသွားမှာဖြစ်ပါတယ်။

အခြေခံကျကျ တစ်ဆင့်ပြီးတစ်ဆင့် သင်ယူသွားပြီး ဘယ်လိုအဖွဲ့အစည်းမျိုးမဆို ကျယ်ပြန့်တဲ့ဈေးကွက်သစ် တွေဆီ ပြောင်းလဲနိုင်ဖို့ အသုံးဝင်တဲ့အချက်အလက်တွေကို လေ့လာသွားနိုင်မှာဖြစ်ပါတယ်

  • ·     စွန့်ဦးတီထွင်သူများ၊ မန်နေဂျာများ၊ အလုပ်အမှုဆောင်အရာရှိများ၊ စီးပွားရေးခေါင်းဆောင်များ ။

    ·     စီးပွားရေးလုပ်ငန်းငယ်ပိုင်ရှင်များ ။

    ·     စီးပွားရေးဈေးကွက်ယှဉ်ပြိုင်မှုနည်းဗျူဟာပညာရှင်များ။

  • ·     ပြင်သစ်အာလူးချောင်းကြော်စက်တွေရဲ့ ဈေးကွက်က လူသိနည်းတဲ့ဈေးကွက်သစ်ဆီ ဘယ်လို ရွှေ့ ပြောင်း ခဲ့ကြောင်း။

    ·     Joker ရဲ့ အနီရောင်နှာခေါင်းပုံဟာ ပရဟိတလုပ်ငန်းတွေကို ဘယ်လိုပုံဖော်ခဲ့ကြောင်း။

    ·     ဇိမ်ခံဟိုတယ်စုတွေဖြစ်တဲ့ CitizenM ဟာ ကောင်တာစားပွဲတွေကို ဖယ်လိုက်ခြင်းဖြင့် ဘယ်လို ဈေးကွက်သစ်ကိုပုံဖော်နိုင်ခဲ့ကြောင်း။