ကြားဖြတ်ဒီဇိုင်းလုပ်ငန်းစဉ် (IDP) ဆိုတာ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေရဲ့ဒီဇိုင်းတွေကို အဆင့်လိုက် ချဉ်းကပ်ခြင်းဖြစ်ပြီး စစချင်း သင်ပျိုးထောင်လိုတဲ့အမူအကျင့်တွေနဲ့ စတင်ကာ ဒီအမူအကျင့်တွေကို လက်တွေ့ဖြစ်လာနိုင်အောင် ကြိုးစားရခြင်းဖြစ်တယ်။ ပထမဆုံး လူတွေကို သင်ဖြစ်စေချင်သောအမူအကျင့်မျိုး (စိတ်ကူးကမ္ဘာ) နဲ့ လူတွေရဲ့လက်ရှိအမူအကျင့်မျိုး (လက်တွေ့ကမ္ဘာ) ကြားက ကွာခြားချက်တွေကို ထိုးဖောက် မြင်နိုင်ဖို့ ကြိုးစားပါ။ ပြီးရင် စိတ်ကူးကမ္ဘာအကြောင်းဖော်ပြထားတဲ့ အမူအကျင့်ထုတ်ပြန်ချက်တွေကို ရေးသားထားပါ။ နောက်တဆင့်မှာ လောကကြီးကို ဒီလိုဖြစ်လာနိုင်မှုမှ ပိတ်ပင်ထားတဲ့ ဖိအားပေးလှုံ့ဆော်မှုတွေနဲ့ ဖိအားပေးတားဆီးမှုတွေကို တိုင်းတာပါ။ ဒီနောက်မှာ သင်ဟာ ဒီဖိအားတွေကို ပြင်ဆင်နိုင်မယ့် ဖြစ်နိုင်ခြေရှိတဲ့ လုပ်ဆောင်ပုံတွေအကုန်လုံးကို စတင်စဉ်းစားလို့ရပါပြီ။ တကယ်လို့ ဒီလုပ်ဆောင်ပုံတွေဟာ ကျင့်ဝတ်နဲ့ကိုက်ညီမှု ရှိမရှိ စစ်ဆေးကျော်လွန်သွားခဲ့ရင် စတင် စစ်ဆေးလို့ရပါပြီ။ ဒီလုပ်ငန်းစဉ်အဆုံးမှာ သင်ဟာ ထည့်သွင်း အကောင်အထည်ဖော်နိုင်မယ့် လုပ်ဆောင်ပုံ တစ်နည်းသို့မဟုတ် တစ်နည်းထက်ကျော်လွန်ပြီး တွေ့ရှိလာမှာ ဖြစ်ပါတယ်။
· နယ်ပယ်တွေထဲမှာ ပြောင်းလဲမှုတွေဖြစ်ပေါ်အောင် နည်းလမ်းရှာဖွေနေသော ဝန်ထမ်းသစ်များ ။
· အကြံဉာဏ်ကောင်းအသစ်တွေရှာဖွေနေသော ကုမ္ပဏီတည်ထောင်သူခေါင်းဆောင်များ ။
· လုပ်ငန်းအတွက် အမူအကျင့်သိပ္ပံပညာကို ထည့်သွင်းအသုံးပြုလိုသော လုပ်ငန်းတည်ထောင်သူများ ။
· ဖြစ်ရပ်မှန်အသစ်တစ်ခုအပေါ် သင့်အမြင်ကို အစွမ်းထက်တဲ့ကြော်ငြာချက်တစ်ခုတည်းအဖြစ် ဘယ်လို ပေါင်းစည်းသင့်ကြောင်း ။
· သင့်ရဲ့ ဖြစ်နိုင်ချေရှိတဲ့ ဝယ်သူတွေရဲ့အမူအကျင့်တွေအပေါ် လွှမ်းမိုးနိုင်ဖို့ ဘယ်လိုဖန်တီးနိုင်ကြောင်း ။
· ဖန်တီးထားတဲ့လှုံ့ဆော်မှုတွေကို ဘယ်လိုတိုးတက်ကောင်းမွန်အောင်လုပ်ပြီး ဘယ်လို ကမ္ဘာကြီးကိုပါ ပြောင်းလဲနိုင်မလဲ ဆိုသည့်အကြောင်း ။
No New Notifications