အကြီးအကဲခေါင်းဆောင်တော်တော်များများက နည်းပညာကို အရမ်းအားကိုးပြီး အပြင်မှာ စကားစမြည်မပြောဖြစ်ကြရာကနေ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်မှု မရှိတော့တဲ့ အတိုင်းအတာအထိ ဖြစ်လာပါတယ်။ နည်းပညာစိုးမိုးနေတဲ့ လောကကြီးမှာ ကျွန်ုပ်တို့အကုန်လုံး ရင်ထဲက တောင့်တကြတဲ့ လူသားဆန်တဲ့ ရင်းနှီးဆက်ဆံမှုတွေကို တည်ဆောက်နိုင်ဖို့အတွက် ခေါင်းဆောင်တွေဘက်ကနေ ကြိုးစားရပါတော့မယ်။ အဲလိုကြိုးစားတဲ့နေရာမှာ အောင်မြင်တဲ့သူကတော့ မိမိဘဝကို ပြည့်စုံကျေနပ်၊ အလုပ်အပေါ်သစ္စာရှိ၊ ဖန်တီးနိုင်စွမ်းအားကောင်းပြီး အလုပ်ပြီးမြောက်နှုန်းများတဲ့ ဝန်ထမ်းအသီးအပွင့်တွေကို ရိတ်သိမ်းရပါလိမ့်မယ်။
· လုပ်ငန်းခွင်တွင် ၀န်ထမ်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်လိုသော မန်နေဂျာများနှင့် ခေါင်းဆောင်များ။
· အလုပ်နှင့် လုပ်ငန်းခွင်ဆက်ဆံရေးတွင် နည်းပညာ၏သက်ရောက်မှုကို ကြိုက်မနှစ်သက်သူများ။
· မျက်မှောက်ခေတ်စီမံခန့်ခွဲမှုအတွက် လက်တွေ့ကျသော လမ်းညွှန်မှုကိုရှာနေသူများ။
· နည်းပညာဟာ လုပ်ငန်းစွမ်းဆောင်ရည်ကို ကူညီတိုးမြှင့်ပေးနိုင်သလောက် အာရုံပြန့်လွင့်စေနိုင်စွမ်းလည်း ရှိကြောင်း ။
· လုပ်ငန်းခွင်မှာ မိတ်ဆွေကောင်းတွေရှိဖို့အရေးကြီးကြောင်း ။
· လှိုက်လှိုက်လှဲလှဲ ချီးကျူးစကားဆိုခြင်းက ငွေသားဘောက်ဆူးချလိုက်ခြင်းထက် ပိုမိုကောင်းမွန်တဲ့ ဆု ဖြစ်ကြောင်း ။
No New Notifications