The Hero Factor

Jeffrey Hayzlett with Jim Eber
  •  15 min
  •  Audio Available

လူစွမ်းကောင်းပီသတဲ့ ခေါင်းဆောင်တွေဟာ အကျိုးအမြတ်ရဖို့နဲ့ လုပ်ငန်းလည်ပတ်ဖို့ကိုသာ ကြည့်မနေတတ်ပါဘူး။ အဲ့ဒီအစား သူတို့ဟာ အဲ့လိုအရာတွေ ရရှိဖြစ်ပေါ်စေနိုင်တာက လူတွေ ဝန်ထမ်းတွေသာဖြစ်တယ်လို့ နားလည်ထားပြီး အဲ့ဒီ လူတွေ ဝန်ထမ်းတွေကသာ အဖွဲ့အစည်းကြီးတခုလုံးကို တိုးတက်ကြီးပွားစေတာ အမှန်ဖြစ်ကြောင်းကိုလည်း သိထားကြတာဖြစ်ပါတယ်။ သူတို့ရဲ့အကျိုးအမြတ် ကံကောင်းမှုတွေကို ခွဲဝေပေးခြင်း၊ တခြားသူ ဝန်ထမ်းတွေရဲ့အမြင်တွေကိုလည်း နားထောင်ပေးခြင်း၊ အဖွဲ့အစည်းရဲ့ စည်းမျဥ်း စံနှုန်းတွေကိုလည်း ဝန်ထမ်းတွေကို ဟောပြောတာသာမကပဲ သူတို့ကိုယ်တိုင် လိုက်နာ ကျင့်သုံးနေထိုင်ခြင်းတို့ဖြင့် ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်ကာ လုပ်ငန်းတွေ တိုးချဲ့နိုင်တာ ဖြစ်ပါတယ် ။

  • ·     ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာရန်အကြံဥာဏ်များလိုသောမန်နေဂျာများ။

    ·     စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ကြိုးစားနေသူများ။

    ·     အောင်မြင်မှုအတွက် ရှုထောင့်သစ်ကို ရှာဖွေနေသည့်လုပ်ငန်းရှင်များ။

  • ·     ဘာ့ကြောင့် ခေါင်းဆောင်ကောင်းတွေဟာ သူ တဦးတည်းအတွက် ဘယ်တော့မှ လမ်းကြောင်းမဖောက်ဘူးဆိုသည့်အကြောင်း ။

    · Captain "Sully" Sullenberger ရဲ့ ပြောင်မြောက် အံ့အားသင့်ဖွယ်ရာ လေယာဥ်ကို အရေးပေါ်ဆင်းသက်ပေးနိုင်ခဲ့ပုံကနေ ဘာတွေ သင်ယူနိုင်မလဲ ဆိုသည့်အကြောင်း ။

    ·     Starbucks ကော်ဖီဟာ သူ့ရဲ့ စံနမူနာယူဖွယ် လူစွမ်းကောင်းဆန်တဲ့ ပုံစံအတိုင်း ဆက်မထိန်းထားနိုင်ခဲ့ရင် ဘယ်လိုဖြစ်သွားမလဲ ဆိုတာတွေကို သိရှိရဖို့အတွက် ဆက်လက်ဖတ်ရှုကြည့်ပါ။