အရှိန်အဝါ (Charisma) ရှိတဲ့လူတွေဟာ တခြားလူတွေအပေါ် သြဇာညောင်းကြပါတယ်။ သူ တို့ဟာ လူချစ်လူခင်ပေါတယ်၊ ဆွဲဆောင်သိမ်းသွင်းရာမှာ ကျွမ်းကျင်တယ်၊ အထင်ကြီးလေးစားစရာ ကောင်းတယ်။ နောက်ပြီး ဒီအားသာချက်တွေကို သူတို့က ဘာမှအားစိုက်ထုတ်စရာမလိုဘဲ ပိုင်ဆိုင်နေ တာမျိုးပါ။ သူတို့ရဲ့ဘဝခရီးဟာလည်း ပိုအောင်မြင်သာယာနေမှာ မလွဲမသွေပါပဲ။ သာမန်လူတစ် ယောက်ရဲ့အမြင်မှာ အရှိန်အဝါကြီးတဲ့လူတွေဟာ စိတ်ဖိစီးမှုကြီးကြီးမားမားမခံစားရဘဲ ဆွဲဆောင်မှုရှိရှိ နဲ့ငွေများများရှာနိုင်နေတဲ့ အားကျစရာစံပြပုဂ္ဂိုလ်တွေပဲပေါ့။
ဒီလိုဆိုရင် စီးပွားရေးလောကမှာလည်း အရှိန်အဝါရှိတဲ့သူက အခွင့်အရေးတွေပိုရနိုင်မှာ အသေ အချာပါပဲ။ လူတွေက သင့်ရဲ့အရှိန်အဝါကြောင့် သင့်ကို သဘောတကျရှိလာမယ်၊ ယုံကြည်ကိုးစား ချင်လာမယ်၊ သူတို့ကိုဦးဆောင်ပေးမဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ်ပါ မြှောက်တင်နေရာပေးလာကြ ပါမယ်။ သင့်အနေနဲ့ အလုပ်သစ်တစ်ခုလျှောက်ချင်တာပဲဖြစ်ဖြစ်၊ လက်ရှိအလုပ်မှာ နေရာပိုရချင်တာ ပဲဖြစ်ဖြစ် အရှိန်အဝါရှိခြင်းက သင့်ကို ပိုပြီးခရီးရောက်အောင် ကူညီပေးနိုင်မှာပါ။
လေ့လာမှုတွေအရ လုပ်ဖော်ကိုင်ဖက်အချင်းချင်း အဆင့်သတ်မှတ်ရတဲ့စစ်တမ်းတွေမှာ အရှိန်အ ဝါရှိတဲ့လုပ်ဖော်ကိုင်ဖက်ကိုမှ အဆင့်မြင့်မြင့်ပေးထားတတ်ကြတာ တွေ့ရပါတယ်။ သုတေသီတစ်ဦးရဲ့ လေ့လာချက်မှာ အရှိန်အဝါကြီးတဲ့ခေါင်းဆောင်တွေရဲ့ နောက်လိုက်တွေဟာဆိုရင် သူတို့ခေါင်းဆောင်ရဲ့ ပန်းတိုင်ကို ဖြစ်မြောက်စေဖို့အတွက် ပေးထားတဲ့တာဝန်ထက်ကို ပိုလုပ်ပေးကြတာမျိုး၊ သူတို့ရဲ့ကိုယ် ပိုင်ဘဝတွေကိုပါ ထည့်သွင်းပေးဆပ်ချင်ကြတာမျိုးအထိ ပြင်းပြင်းပြပြစိတ်နှစ်ထားတတ်ကြကြောင်းကို တွေ့ရှိခဲ့ရပါတယ်။
ဒါပေမဲ့ အရှိန်အဝါဟာ စီးပွားရေးလောကမှာတင် အကျိုးရှိစေတာမဟုတ်ဘဲ ပညာရေးနဲ့ အခြား သော အသက်မွေးဝမ်းကျောင်းနယ်ပယ်တွေမှာပါ ကူညီပံ့ပိုးပေးနိုင်ပါတယ်။ ဥပမာအားဖြင့် အရှိန်အဝါရှိ တဲ့ဆရာ၊ဆရာမတွေဆိုရင် သူတို့ရဲ့သုတေသနစာတမ်းတွေကို ထုတ်ဝေဖို့ ဒါမှမဟုတ် ရန်ပုံငွေရဖို့ ပို လွယ်ကူသလို သူတို့သင်ချင်တဲ့ဘာသာရပ်တွေကိုလည်း ရွေးချယ်သင်ကြားခွင့် ရတတ်ကြပါတယ်။ အလားတူပဲ အရှိန်အဝါကောင်းရှိတဲ့ဆရာဝန်တွေကို လူနာတွေက ပိုချစ်ခင်တတ်ကြပြီး အဲ့ဒီဆရာဝန်ရဲ့ ဆေးပညာလမ်းညွှန်ချက်တွေကို ပိုလိုက်နာချင်ကြပါတယ်။ တစ်ခုခုအမှားအယွင်းရှိခဲ့ရင်တောင် တရားစွဲ ဖို့ ဝန်လေးနေတတ်ကြတဲ့အထိပါပဲ။
အချုပ်ပြောရရင်တော့ အရှိန်အဝါဆိုတာ ခေါင်းဆောင်တွေ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအ တွက်ပဲ မဟုတ်ပါဘူး။ အိမ်မှာပဲ ကလေးထိန်းချက်ပြုတ်လုပ်နေတဲ့ မိခင်တွေကအစ၊ ကျောင်းသားတွေ၊ ဆရာဝန်တွေအဆုံး လူတိုင်းမှာ အရှိန်အဝါရှိနိုင်ပါတယ်။ အရှိန်အဝါက လူတွေကို ပိုပြီးပျော်တတ်လာ အောင်၊ ကျန်းမာလာအောင်၊ အောင်မြင်ကျော်ကြားလာအောင် ကူညီပေးနိုင်ပါတယ်။ သတင်းကောင်း တစ်ခုပြောရမယ်ဆိုရင်တော့ အရှိန်အဝါကိုလိုချင်ရင် ဘယ်သူမဆိုအရယူနိုင်ပါတယ်ဆိုတာပါပဲ။
• ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာချင်သူတွေ
• လူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်လိုသူတွေ
• စီးပွားရေးသမားတွေ
• အရှိန်အဝါတစ်ခုကို ဘယ်လိုတည်ဆောက်မလဲ
• မကောင်းတဲ့စိတ်ခံစားချက်တွေကို ဘယ်လိုပယ်ဖျက်မလဲ
• လူတွေဆီက အမြင်ကောင်းတစ်ခုရအောင် ဘယ်လိုကြံဆောင်မလဲ
No New Notifications