စာရေးသူ Donald Miller ရဲ့ ဒီစာအုပ်လေးကတော့ လုပ်ငန်းခွင်က လူတွေကို ရှင်းလင်းမှု၊ ယုံကြည်မှုနဲ့ ဦးဆောင်မှုတွေအပေါ် ပိုမိုအာရုံစူးစိုက်ကာ ပိုတော်တဲ့လူတွေ ဖြစ်လာနိုင်ဖို့ လက်တွေ့ကျကျပြောပြထားတဲ့စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ စွမ်းဆောင်ရည်ပြသနိုင်ခြင်းရဲ့ အရေးပါပုံ၊ နေ့စဉ်ဘဝမှာလဲ စွမ်းဆောင်ရည် ပြည့်ဝစွာ ပြုမူနေထိုင်သင့်ပုံ နဲ့ လုပ်ငန်းရလဒ်ကို အကောင်းဆုံးဖြစ်အောင် လုပ်တတ်တဲ့ အတွေးအခေါ်တွေကို ပြောပြထားပါတယ်။ စာဖတ်သူ တွေကို ဘဝမှာ ဘယ်လိုပန်းတိုင်နဲ့ ဦးတည်ချက် ထားရမယ်၊ တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို တည်ဆောက်ပြီး ပတ်ဝန်းကျင်က ယုံကြည်အားကိုးရသူ ဖြစ်လာအောင် ဘယ်လို လုပ်ရမယ် ဆိုတာကို လမ်းညွှန်ထားပါတယ်။
ရှင်းလင်းပြတ်သားတိကျမှုမရှိတဲ့ ဆက်သွယ်ပြောဆိုရေးတွေကလဲ လူကို စိတ်ဖိစီးစေ တာကြောင့် လုပ်ငန်းခွင်ကလူအချင်းချင်း ထိထိရောက်ရောက် ချိတ်ဆက်လုပ်ကိုင်ပြောဆိုနည်း တွေကို ဖော်ပြထားပါသေးတယ်။ နောက်ဆုံးမှာတော့ ဦးဆောင်မှုဆိုတာ အခြားသူတွေကို ထိန်းချုပ်နိုင်စွမ်း မဟုတ်ဘဲ လမ်းညွှန်ပြသ၊ တာဝန်ခွဲဝေပေးနိုင်စွမ်း ဖြစ်တယ်ဆိုတာကို ပြောသွား ပါတယ်။ ဒါကြောင့်ပဲ ခေါင်းဆောင်တွေဆီမှာ စိတ်တည်ငြိမ်မှု၊ ရည်မှန်းချက်ပန်းတိုင် ချမှတ် တတ်မှု၊ ပြဿနာဖြေရှင်းတတ်မှုဆိုတဲ့ အချက်တွေ တွေ့မြင်ရတာ ဖြစ်ပါတယ်။
No New Notifications