ဒီစာအုပ်မှာ အောင်မြင်မှုရရှိဖို့အတွက် ကောလိပ်ဒီဂရီရှိဖို့မလိုအပ်ကြောင်း စာရေးသူက သာ ဓကတွေနဲ့ ဖော်ပြထားပါတယ်။ လက်တွေ့အသုံးချစွမ်းရည်တွေရှိခြင်း ၊ ကူညီထောက်ပံ့မှုကောင်းပေး စွမ်းမဲ့ကွန်ရက်တစ်ခုရှိခြင်းနဲ့ စွန့်ဦးတီထွင်စိတ်ဓာတ်ရှိခြင်းတို့က ဘွဲ့ဒီဂရီတွေထက် ပိုမိုအဖိုးတန်ပါ တယ်။ အောင်မြင်မှုဟာ ကျောင်းပညာရေးအပေါ် အပြည့်အဝမူတည်တာမဟုတ်ဘဲ မိမိရဲ့လုပ်ရပ်နဲ့ အခွင့်အလမ်းတွေကို အသုံးချနိုင်မှုအပေါ်မှာသာ မူတည်ပါတယ်။ ဗျူဟာကျကျစွန့်စားဖို့လိုပြီး သင့်ရဲ့ အလုပ်ကိုတန်ဖိုးတက်အောင်လုပ်ရမဲ့အပြင် ကိုယ်ပိုင်ရည်မှန်းချက်ကတဆင့် ဝယ်သူပရိသတ်တွေအ ပေါ် လွှမ်းမိုးနိုင်အောင်ဖန်တီးဖို့လိုအပ်ပါတယ်။ သင်က ဝန်ထမ်းတစ်ယောက်ဖြစ်စေ၊ စွန့်ဦးတီထွင်သူ တစ်ယောက်ဖြစ်စေ ၂၁ ရာစုမှာ အောင်မြင်သူတွေဟာ မိမိရဲ့လမ်းကြောင်းကို ကိုယ်တိုင်ဖောက်ကြသူ တွေသာ ဖြစ်ပါတယ်။
No New Notifications