How Work Works

Michelle P. King
  •  21 min
  •  Audio Available

စစ်မှန်တဲ့အလုပ်အောင်မြင်မှုဆိုတာ လုပ်ငန်းခွင်မှာ နေရာတစ်ခုရတာ၊ အဆင့်တစ်ခုဆီ တက် လှမ်းလိုက်တာထက်ပိုပါတယ်။ အလုပ်မှာ ထင်ရှားတာတစ်ခုခုလုပ်ပြနိုင်တာ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာပဲ ဖြစ်ပါတယ်။ အလုပ်က သင်နဲ့ကိုက်ညီတဲ့နေရာ၊ သင်ယုံကြည်ရတဲ့သူ တွေရှိတဲ့နေရာဖြစ်နေတာက သင့်ကိုပိုတိုးတက်စေပြီး သင့်ရဲ့ပုံစံအမှန်အတိုင်းလုပ်ပြခွင့်ကို ရစေပါ တယ်။ သင်ဟာ သင့်ပုံစံကိုသေချာသိပြီး သင့်ဘေးကလုပ်ဖော်ကိုင်ဖက်တွေကို အာရုံစိုက်ပြီးလေ့လာ မယ်ဆိုရင် သင်တို့ကြားကယုံကြည်မှုဟာ ပိုအားကောင်းလာမှာဖြစ်ပြီး သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ ထိထိရောက်ရောက်လက်တွဲလုပ်ဆောင်ဖို့ရာအတွက် အကူအညီဖြစ်မှာအသေအချာပါပဲ။ သင့် အလုပ်ရဲ့သဘောသဘာဝကို နားလည်တာကလဲ လုပ်ငန်းခွင်မှာ အတော်လေးအရေးပါ,ပါတယ်။ ဆုံး ဖြတ်ချက်တွေကို ဘယ်လိုချတယ်၊ ဘယ်သူကလွှမ်းမိုးနိုင်တယ်၊ အဖွဲ့သားတွေရဲ့ဆက်သွယ်လှုပ်ရှားမှု က သင့်ကိုဘယ်လိုနေရာယူဖို့ ကူညီပေးတယ်ဆိုတာတွေကို လေ့လာရပါမယ်။ သင့်လုပ်နေတာတွေ ကို အမြဲသုံးသပ်ပြီး ပန်းတိုင်တွေကို သင်လက်ရှိလုပ်နေတဲ့အနေအထားအတိုင်းဖြစ်နေအောင် ချိန်ညှိ တာတွေလဲ လုပ်ရပါမယ်။


    •        လုပ်ငန်းခွင်ထဲဝင်ဖို့ကြိုးစားနေတဲ့လူငယ်များ
    •        လုပ်ငန်းခွင်မှာ မပျော်ရွှင်သူများ
    •        ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ကိုရှာဖွေနေသူများ


    •        ကိုယ်နဲ့သက်ဆိုင်တဲ့အလုပ်နေရာအကြောင်း
    •        ယုံကြည်မှုရဲ့အရေးပါပုံအကြောင်း
    •        Soft Skill တွေရဲ့အရေးပါပုံအကြောင်း