စာရေးသူ ဂျွန် မက်ကီး (John Mackey) ဟာ ကိုယ်ရေးကိုယ်တာ တန်ဖိုးထားမှုတွေနဲ့ လုပ်ငန်း ရည်မှန်းချက် တို့ကို တစ်ထပ်တည်းကျအောင် ကြိုးပမ်းလုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို သက်သေပြ နေတာက သူ့ရဲ့ Whole Foods Market လုပ်ငန်းပါ။ ဒီစာအုပ်ဟာ ဂျွန် မက်ကီးတစ်ယောက် သူ့ဆန္ဒနဲ့အညီ သဘာဝအစားအသောက်တွေကို ဦးစားပေးရောင်းချရင်း၊ သူ့ရည်မှန်းချက်ဖြစ်တဲ့ ကျင့်ဝတ်ရှိတဲ့စီးပွါးရေးကို လုပ်ဆောင်ခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်။
မက်ကီးရဲ့အောင်မြင်မှုဟာ သူ့ရဲ့ လိုက်လျောညီထွေ ပြုမူနိုင်စွမ်း နဲ့ ဆန်းသစ်တီထွင်နိုင်စွမ်းတို့ကနေ ဖြစ်တည်လာတာပါ။ သူဟာ အကြပ်အတည်းတွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲနိုင်သူ၊ သူ့ရဲ့ စီးပွါးရေးလုပ်ပုံလုပ်နည်းကို တိုးတက်အောင် အမြဲကြံဆောင်နေသူ ဖြစ်ပါတယ်။ ဝန်ထမ်းတွေ၊ ဝယ်သူတွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်ခြင်းအပေါ် သူ့ရဲ့အလေးအနက်ထားမှုတွေဟာ သူ့လုပ်ငန်း ကြပ်တည်း နေချိန်မှာတောင် အကောင်းဆုံးရှေ့ဆက်နိုင်စေမဲ့ အထောက်အပံ့ကောင်းတွေ ဖြစ်ခဲ့ပါတယ်။ အချုပ်မှာတော့ မက်ကီး လုပ်ပြနိုင်ခဲ့တာဟာ စီးပွါးရေးလုပ်ငန်းဆိုတာ အမြတ်ဝင်ငွေ ရှာနိုင်သလို၊ လူတွေ အကျိုးရှိအောင်လဲ လုပ်ပေးနိုင်ကြောင်း နောက်မျိုးဆက်တွေ သိအောင်၊ အတုယူနိုင်အောင် လုပ်ပြနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
No New Notifications