ကျွန်မတို့ဟာ နေ့စဉ်နေတိုင်း အလုပ်တွေနဲ့နပန်းလုံးနေရပြီး အနားယူတဲ့အချိန်လေးမှာ တောင် အနှောင့်အယှက်တွေပေါ်,ပေါ်လာတတ်တယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ကိုယ်ပိုင်ကောင်းကျိုး သုခကို လျစ်လျူရှုသလိုဖြစ်နေတာက သိပ်အဆန်းကြီးတော့မဟုတ်ပါဘူး။ ဒါ့အပြင် အလုပ်၊ လူမှုရေး နဲ့ဖုန်းသုံးတာပါ ထပ်တိုးလာတော့ ကျွန်မတို့ရဲ့စိတ်ခံစားချက်ကို သေချာအာရုံစိုက်ဖို့ ပိုပြီးခက်ခဲသွား ပါတယ်။ ဒီစာအုပ်ထဲမှာ ရှုပ်ထွေးတဲ့စိတ်ခံစားချက်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတဲ့ နည်းလမ်းကောင်းတွေအပြင် ကိုယ်တိုင်အတွက်ရော အခြားသူတွေနဲ့ပါ ဆက်ဆံရေးကောင်းမွန်စေ တဲ့နည်းလမ်းကောင်းတွေ ပါဝင်တယ်။ အခုလို စိန်ခေါ်မှုများတဲ့ခေတ်ကြီးထဲမှာ တွေ့ကြုံခံစားရမဲ့စိတ် ပိုင်းဆိုင်ရာပဋိပက္ခတွေနဲ့ အဆိပ်သင့်ဆက်ဆံရေးတွေကို အကောင်းဆုံးဖြေရှင်းပေးနိုင်မဲ့လက်တွေ့ နည်းလမ်းတွေနဲ့ အသိအမြင်တွေကို ဒီစာအုပ်ထဲမှာ ရှာတွေ့နိုင်ပါတယ်။
No New Notifications