Leading Yourself

Elizabeth Lotardo
  •  17 min
  •  Audio Available

သင့်အလုပ်မှာ အခက်အခဲတွေ၊ အတားအဆီးတွေနဲ့ ကပြောင်းကပြန်ဖြစ်မှုတွေ ဘယ်လောက်ပဲရှိရှိ အလုပ်က ပေးတဲ့ ပျော်ရွှင်မှုနဲ့ အဓိပ္ပာယ်ကို တွေ့အောင်ရှာပါ။ သင်ဟာ စိတ်လှုပ်ရှားမှု အပြည့်နဲ့စတင်ခဲ့တဲ့ အလုပ်တစ်ခုကို သိပ် မကြာခင်မှာပဲ ငြီးငွေ့သွားတာမျိုး ကြုံဖူးပါသလား။ ဒီလို ဖြစ်ရတာ ဘာကြောင့်ပါလဲ။ များသောအားဖြင့် အလုပ်နဲ့ ပတ်သက်ပြီး မျှော်မှန်းချက် အကြီးကြီးထားမိလို့ ဖြစ်ပါလိမ့်မယ်။ ဒါဆို အခက်အခဲတွေကြား မယိမ်းမယိုင် ရှင်သန်သူနဲ့ ယိမ်းယိုင်သူကြား ကွာခြားချက်က ဘာတွေဖြစ်ပါသလဲ။ ဘယ်လိုအရာတွေက ကွာခြားသွားစေတာပါလဲ။ စဉ်းစား ကြည့်ရအောင်ပါ။

အဖြေကတော့ ကိုယ့်ကိုယ်ကိုယ် ဦးဆောင်နိုင်စွမ်း ကွာသွားလို့ ဖြစ်ပါတယ်။ အလုပ်က ပေးလာမဲ့ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုတွေကို ထိုင်စောင့်နေမဲ့အစား၊ ကိုယ်တိုင် ဖန်တီးရယူပါ။ ကံကောင်းလာမဲ့အချိန်ကို ထိုင်စောင့်မနေပါနဲ့။ လက်တွေ့ အကောင်အထည်ဖော်ပါ။ သင့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့အရာတွေကိုသာ အလေးထားပါ။ ဥပမာ - သင့်စိတ်၊ သင့်ပြုမူဆောင်ရွက်ပုံနဲ့ သင့်ရဲ့ပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေကို အာရုံစိုက်ပါ။ ဒီလိုမျိုး၊ သင် ထိန်းချုပ် လို့ရတဲ့အရာတွေကို အာရုံစိုက်ခြင်းဟာ သာမန်အလုပ်တွေကို အဓိပ္ပာယ်ရှိတဲ့အလုပ်တွေအဖြစ် ပြောင်းလဲစေနိုင်ပါ တယ်။

ကြောင်းကျိုးဆီလျော်တဲ့ အတွေးအခေါ်တွေကို လက်တွေ့ကျတဲ့နည်းစနစ်တွေနဲ့ ပေါင်းစပ်ပါ။ ဒီလိုဆိုရင် နောက်ဆုံးရလဒ်က အကောင်းဆုံး မဖြစ်ခဲ့ရင်တောင် သင့်ကို စိတ်ကျေနပ်မှု ပေးနိုင်ပါလိမ့်မယ်။


    •        အလုပ်ထဲမှာ စိတ်မပျော်သူတွေ။
    •        အလုပ်ကို ပိုပြီးထိထိရောက်ရောက် လုပ်ကိုင်လိုသူတွေ။
    •        အလုပ်ထဲမှာ ဆက်ဆံရေးကောင်း ပိုင်ဆိုင်လိုသူတွေ။


    •        ကိုယ့်ကိုယ်ကိုယ်ဦးဆောင်နိုင်စွမ်းရှိခြင်းက အလုပ်နဲ့ပတ်သက်တဲ့ သဘောထားတွေကို ဘယ်လိုပြောင်းလဲပေး နိုင်ကြောင်း။
    •        အလုပ်မှာ ပေါင်းသင်းဆက်ဆံရေး ကောင်းဖို့ လိုက်နာသင့်တဲ့ နည်းလမ်းကောင်းများ။
    •        လက်ပေါက်ကပ်တဲ့သူဌေးကို ဘယ်လိုပေါင်းသင်းဆက်ဆံရမယ်ဆိုတဲ့ နည်းလမ်းကောင်းများ။