Problem Hunting

Brian Long
  •  20 min
  •  Audio Available

အောင်မြင်တဲ့ တည်ထောင်စ လုပ်ငန်းတစ်ခု ဖြစ်ဖို့ဆိုတာ စိတ်ကူးကောင်းတစ်ခုနဲ့တင် မလုံလောက်ပါ။ ဈေးကွက်ထဲမှာရှိနေတဲ့ ဝယ်သူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးပြီး၊ ဈေးကွက်နဲ့ကုန်ပစ္စည်း ကိုက်ညီမှု ရှိအောင်လုပ်ခြင်းနဲ့ စတင်ရပါမယ်။ ကုမ္ပဏီဓလေ့ဟာ ဝန်ထမ်းတွေရဲ့ အပြုအမူတွေနဲ့ ဆုံးဖြတ်ချက် တို့ကို လမ်းညွှန်ပေးမှာ ဖြစ်တာကြောင့် ခိုင်မာတဲ့ကုမ္ပဏီဓလေ့ ရှိဖို့လဲ အရေးကြီးပါတယ်။

ကုမ္ပဏီရဲ့ မျှော်မှန်းချက်ဆီ ရောက်အောင် စွမ်းဆောင်ပေးမဲ့ ဝန်ထမ်းကောင်းတွေ ရရှိဖို့အတွက် ထိရောက်တဲ့ ဝန်ထမ်းရွေးချယ်ခန့်ထားရေး လုပ်ငန်းစဉ် ရှိဖို့လဲ လိုပါတယ်။ ဝယ်သူတွေရဲ့ ပြဿနာတွေကို ဖော် ထုတ်ပေးပြီး သူတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိစေတဲ့ မားကတ်တင်းဗျူဟာတွေဟာ လုပ်ငန်းတိုးတက်ရေးအတွက် အခြေခံကျပါတယ်။ လုပ်ငန်းတိုးတက်မှုကို ထိန်းသိမ်းဖို့နဲ့ လုပ်ငန်းအောင်မြင်ဖို့အတွက် အရောင်းကျွမ်းကျင် ခြင်းနဲ့ စားသုံးသူဝန်ဆောင်မှု ကောင်းမွန်ခြင်းကလဲ အရေးကြီးပါတယ်။ ဒီအဆင့်တွေကို လိုက်နာမယ်ဆိုရင် တည်ထောင်စ လုပ်ငန်းလောကရဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပြီး ရေရှည် အောင်မြင်မှု ရရှိမှာ ဖြစ်ပါတယ်။


    •        စွန့်ဦးတီထွင် လုပ်ငန်းရှင်များ။
    •        တည်ထောင်စ လုပ်ငန်းပိုင်ရှင်များ။
    •        လုပ်ငန်းမန်နေဂျာများ။


    •        သင့်ရဲ့ထုတ်ကုန်က ဈေးကွက်ရဲ့လိုအပ်ချက်တွေနဲ့ ဘာကြောင့် ကိုက်ညီဖို့ လိုအပ်သလဲဆိုတဲ့ အကြောင်း။
    •        ကုမ္ပဏီဓလေ့က ဘာကြောင့် အရေးကြီးသလဲဆိုတဲ့ အကြောင်း။
    •        ကနဦးဝယ်သူတွေကို ဘယ်လို ဆက်ဆံသင့်သလဲဆိုတဲ့ အကြောင်း။