Good Team, Bad Team

Sarah Thurber & Blair Miller
  •  20 min
  •  Audio Available

ဒီစာအုပ်မှာပြောထားတာကတော့ မတူညီတဲ့စွမ်းရည်ရှိတဲ့သူတွေကို ထိန်းချုပ်ကိုင်တွယ်နိုင် ခြင်းဟာ စွမ်းဆောင်ရည်မြင့်တဲ့အဖွဲ့အစည်းတစ်ခုကိုတည်ဆောက်ဖို့အတွက် အဓိကကျတယ်ဆိုတာ ပါပဲ။ သူတို့တွေဘယ်လိုတွေးမလဲဆို‌တာကို တွေးကြည့်လာနိုင်ပြီး ဘယ်လိုလူတွေကအခက်အခဲကို ဘယ်လိုရင်ဆိုင်တယ်ဆိုတာကိုလည်း မြင်လာခြင်းအားဖြင့် မတူညီတဲ့လုပ်နိုင်စွမ်းရှိသူတွေနဲ့ သင်နဲ့ ကြားမှာ နားလည်မှုတစ်ခုကို ရရှိလာစေမှာပဲဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ ရှင်းလင်းပြတ်သား တဲ့ပန်းတိုင်သတ်မှတ်ထားခြင်းအားဖြင့် အဖွဲ့ဝင်အားလုံးရဲ့အားထုတ်မှုတွေကို  ပန်းတိုင်ဆီသို့ ဦးတည် သွားစေမှာပဲဖြစ်ပါတယ်။

အမှားအယွင်းတွေကြုံလာရင် အပြန်အလှန်အားပေးပြီး တစ်ယောက်ယောက် အောင် မြင်ရင် လည်း အားလုံးအတူတူအောင်ပွဲခံပေးကြတဲ့ ယုံကြည်ရတဲ့ပတ်ဝန်းကျင်ကိုတည်ဆောက်နိုင်ခြင်းက လည်း အဖွဲ့တွင်းပွင့်ပွင်းလင်းလင်းပူးပေါင်းဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့အခြေခံအုတ်မြစ်ဖြစ်ပါ တယ်။ ပြဿနာဖြေရှင်းနည်းတွေကို ကျွမ်းကျင်အောင်လုပ်တာဟာ မတူညီတဲ့လူတွေရဲ့ နေရာကနေ ဝင်တွေးနိုင်စေပြီး သူတို့ရဲ့လုပ်နိုင်စွမ်းကို အကောင်းဆုံးသုံးကာ ရှုပ်ထွေးပါတယ်ဆိုတဲ့အရာတွေကို တောင် ဖန်တီးနိုင်စွမ်း၊ ကြံ့ကြံ့ခံနိုင်စွမ်းတွေနဲ့ ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ သူမတူတဲ့လုပ်နိုင်စွမ်းတွေကို သေချာအသုံးချရမှာဖြစ်ပြီး သင့်အနေနဲ့ ရလဒ်ကောင်းရဖို့တင်မဟုတ်ဘဲ သူတို့ရဲ့အရည်အချင်းကိုပါ ပိုတိုးတက်လာစေမယ့် စည်းလုံးမှုရှိတဲ့ အဖွဲ့အစည်းမျိုးကို တည်ဆောက်ပေးနိုင်ဖို့ လိုပါတယ်။


    •        ခေါင်းဆောင်များ
    •        အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ဖို့ရှိသူများ
    •        ပရောဂျက်တစ်ခုကို ဦးဆောင်ရသူများ



    •        လူတွေရဲ့ အတွေးအခေါ်မတူကြပုံအကြောင်း
    •        ယုံကြည်မှုရှိခြင်းဟာ အဖွဲ့အစည်းတစ်ခုမှာ ဘယ်လောက်အထိအရေးပါကြောင်း
    •        ပြဿနာကို စနစ်တကျဖြေရှင်းနည်းအကြောင်း