The Greatness Mindset

Lewis Howes
  •  23 min
  •  Audio Available

သင်ဟာ နေ့စဉ်နေ့တိုင်း လုပ်နေကျအလုပ်တွေထဲမှာပဲ နစ်မြှုပ်နေပါသလား။ ဒီဝဲဂယက်ထဲ ကနေ လွတ်မြောက်ဖို့နဲ့ စိတ်ဓာတ်တက်ကြွတဲ့ဘဝတစ်ခုကိုဖန်တီးဖို့ စိတ်ဆန္ဒပြင်းပြနေပါသလား။ ဒါဆိုရင်တော့ သင့်ခေါင်းထဲမှာရှိတဲ့အတွေးဟောင်း၊ အမြင်ဟောင်းတွေကို စွန့်ပစ်ပြီး အတွေးသစ်တွေ၊ အမြင်သစ်တွေကို ဖန်တီးဖို့အချိန်တန်ပါပြီ။ ရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်တစ်ခုကို ရရှိဖို့ ကိုယ့် ကိုယ်ကိုယ်သံသယဝင်တဲ့စိတ်နဲ့ ကြောက်စိတ်တွေကို ဖယ်ရှားရပါမယ်။ ကိုယ့်ရဲ့အားသာချက်၊ ကိုယ့် ရဲ့ပါရမီနဲ့ ကိုယ့်ရဲ့ပြင်းပြတဲ့ဆန္ဒတွေကို နားလည်ရပါမယ်။ မိမိကိုယ်ကိုယ်ဆန်းစစ်ခြင်းနဲ့ လက်တွေ့ လေ့ကျင့်ခန်းတွေကို လုပ်ကိုင်ခြင်းအားဖြင့် အတိတ်ကစိတ်ဒဏ်ရာတွေကို ကုစားနိုင်ပါတယ်။ သင့်ရဲ့ ဖြစ်တည်မှုကို မှန်မှန်ကန်ကန်အကဲဖြတ်ပြီး အဓိပ္ပာယ်ရှိတဲ့ဆောင်ရွက်မှုတွေကို လုပ်ဆောင်သင့်ပါ တယ်။ သင်စိတ်ကူးထားတဲ့အတိုင်း သင့်ဘဝကို ပုံဖော်ချင်တယ်ဆိုရင် ဒီစာအုပ်က သင့်အတွက် များစွာအထောက်အကူဖြစ်စေပါလိမ့်မယ်။


  • ·     တိုးတက်ကြီးပွားလိုသူတွေ

    ·     ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းသူတွေ


  • ·     ကလေးဘဝအရွယ်ကတည်းက စွဲမြဲလာတဲ့အတွေးတွေဟာ ကျွန်မတို့ရဲ့ကြီးပြင်းလာတဲ့ဘဝ ကို ဘယ်လိုအကျိုးသက်ရောက်စေနိုင်ကြောင်း

    ·     “များများလုပ်လေလေ မြန်မြန်ပြီးမြောက်လေ” ဆိုတဲ့ခံယူချက်က ဘာကြောင့်မှားယွင်းနေ ကြောင်း

    ·     အကြောက်တရားနဲ့ ၃ မိနစ်လောက်အတူနေခြင်းက သင့်ကို ဘယ်လိုကောင်းကျိုးတွေပေး နိုင်ကြောင်း