Intentionality

Finnian Kelly
  •  17 min
  •  Audio Available

ရည်ရွယ်ချက်ရှိရှိ နေထိုင်ခြင်းဆိုတာ သင့်ရဲ့တန်ဖိုးထားမှုတွေ၊ လိုအင်ဆန္ဒတွေနဲ့ ကိုက်ညီတဲ့ ရွေးချယ် မှုတွေကို အသိရှိရှိ ရွေးချယ်ခြင်းကို ဆိုလိုပါတယ်။ ဒီရွေးချယ်ခြင်းဟာ ပိုမိုစိတ်ချမ်းသာဖွယ်ရှိတဲ့၊ ရည်ရွယ်ချက် ရှိတဲ့ဘဝကို ဦးတည်ရပါတယ်။ သင့်လုပ်ရပ်တိုင်းဟာ သင် တကယ် လိုချင်တဲ့အရာနဲ့ သင် ဘယ်သူဆိုတာကို ထင်ဟပ်နေဖို့ လိုပါတယ်။ သင့်အနေနဲ့၊ ဘဝကို ရည်ရွယ်ချက်ရှိရှိ နေထိုင်မယ်ဆိုရင် စစ်မှန်ပြီး အဓိပ္ပါယ်ရှိတဲ့ ဘဝကို နေ့စဉ်ဖန်တီးနိုင်မှာပါ။ ဒီလုပ်ငန်းစဉ်ဟာ သင့်ခန္ဓာကိုယ် အတ္တဘော(your system)နဲ့ လုပ်ဆောင်ပုံတွေ ကို နားလည်ရာက စတင်ပါတယ်။

ဒါတွေကို သိပြီဆိုရင် သင့်ကိုယ်သင် ပြင်ဆင်ခြင်း၊ ကုသခြင်း၊ ပြောင်းလဲခြင်းတို့ လုပ်ဆောင်နိုင်မှာဖြစ်ပြီး သင့်ကံကြမ္မာကို သင်ကိုယ်တိုင် ပုံသွင်းလာနိုင်မှာပါ။ ရည်ရွယ်ချက်ရှိရှိ နေထိုင်ခြင်းက သင့်ကို လက်ရှိအချိန်ကို အာရုံစိုက်စေလျက် ၊ ပျော်ရွှင်ငြိမ်းချမ်းတဲ့ဘဝ ရရှိမဲ့ လမ်းခရီးကို လမ်းပြပေးမှာ ဖြစ်ပါတယ်။ သင့်ရဲ့ ကောင်းကျိုး သာမက ပတ်ဝန်းကျင်က လူတွေရဲ့ ကောင်းကျိုးကိုပါ တိုးမြှင့်ပေးမဲ့ လမ်းခရီးလဲ ဖြစ်ပါတယ်။


  • ·     ဘဝကို ရည်ရွယ်ချက်ရှိရှိ နေထိုင်လိုသူများ။

    ·     မိမိဘဝကို ပြင်ဆင်လိုသူများ။

    ·     တစ်ကိုယ်ရေ တိုးတက်ရေးအတွက် ပြောင်းလဲလိုသူများ။


  • ·     သင့်ခန္ဓာကိုယ် အတ္တဘော (your system) ကို နားလည်အောင် ဘယ်လို လုပ်နိုင်မလဲ ဆိုတဲ့အကြောင်း။

    ·     သင့်ရဲ့မသိစိတ်မှာ ကိန်းအောင်းနေတဲ့ အတွေးတွေကို ဘယ်လို ပြောင်းလဲရမလဲဆိုတဲ့ အကြောင်း။

    ·     ပြောင်းလဲထားတဲ့ အပြုအမူ၊ အလေ့အထတွေကို ဘာကြောင့် နှစ်ဆပြုလုပ်ဖို့ လိုသလဲဆိုတဲ့ အကြောင်း။