Let Go Now

Karen Casey
  •  16 min
  •  Audio Available

သင့်အိမ်ထောင်ဖက် ဒါမှမဟုတ် သင့်မိသားစုဝင်တစ်ယောက်ယောက် ဆုံးဖြတ်လိုက်တဲ့အရာတစ်ခုက သင် တွေးထားတာနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေတဲ့အခါ သင့်စိတ် မရိုးမရွဖြစ်လာပြီး ဝင်ပြောချင်ပါလိမ့်မယ်။ သင့်အမြင်၊ သင့်သဘောထားတွေကို ဝေငှချင်လာမယ်။ နောက်ဆုံးမှာ ဒီလိုလုပ်ပါလား၊ ဟိုလိုလုပ်ပါလား ဆိုတဲ့ထိ ပြောမိပါလိမ့်မယ်။

ဒါပေမဲ့၊ ဒီလိုပြောမိပြီးနောက်မှာ စိတ်ဖိစီးမှုတွေ၊ သဘောထားကွဲလွဲမှုတွေကို ကြုံရနိုင်ပါတယ်။ ဒီလို မျိုး၊ အားမလိုအားမရဖြစ်ရတဲ့ကိစ္စတွေကို ကျွန်မတို့တွေ နေ့စဉ်ကြုံတွေ့နေရမှာပါ။ တစ်ခါတလေ စိတ်ထဲ မတင်မကျနဲ့ ခိုးလိုးခုလု ခံစားရပါလိမ့်မယ်။ ဒါကို ဖြေရှင်းနိုင်တဲ့နည်းလမ်း မရှိတော့ဘူးလား။

ရှိပါတယ်။ လျစ်လျူရှုခြင်းက ဒီလိုမျိုး ခံစားချက်တွေမဖြစ်အောင် တားဆီးပေးနိုင်တဲ့ နည်းလမ်း ကောင်းတစ်ခု ဖြစ်ပါတယ်။ ဘဝမှာ ကြုံလာသမျှ အရာရာတိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေမဲ့အစား ၊ လက်လွှတ်လိုက်ခြင်းက ကျွန်မတို့အတွက် စိတ်အေးချမ်းမှု ၊ စိတ်လွတ်လပ်မှု ပိုရစေပါတယ်။


    •        သူတစ်ပါးကိစ္စကို ဝင်ရောက်စွက်ဖက်တတ်သူတွေ။
    •        ကိုယ့်ဘဝကို သူများခြယ်လှယ်ခွင့် ပေးထားသူတွေ။
    •        အထောက်ပံ့ခံဘဝကို စွဲမြဲနှစ်သက်သူတွေ။



    •        ဘဝမှာ မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘာကြောင့်လွှတ်ချသင့်ကြောင်း။
    •        စာရေးသူကိုယ်တိုင် စွဲလမ်းမှုတွေအောက်က ဘယ်လိုရုန်းထွက်ခဲ့ကြောင်း။
    •        လျစ်လျူရှုတာနဲ့ တစ်ယောက်တည်းနေတာ ဘာကွာသလဲဆိုတဲ့ အကြောင်း။