Never Enough

Jennifer Breheny Wallace
  •  16 min
  •  Audio Available

ကျောင်းစာတွေ၊ ကျောင်းပြင်ပလုပ်ငန်းတွေ၊ အိမ်မှုကိစ္စတွေကြားမှာ ပျားပန်းခပ်အောင် ကုလားဖန်ထိုးနေရတဲ့ ဆယ်ကျော်သက်အရွယ်ကလေးတွေရဲ့မျက်နှာပေါ်က စိတ်ရှုပ်ထွေးမှုတွေကို သင်သတိထားမိပါရဲ့လား။ ဒါက ဆယ်ကျော်သက်အရွယ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့လက္ခဏာရပ် တစ်ခုဆိုပေမဲ့ အကြီးအကျယ်စိတ်ဆင်းရဲရလို့ ဖြစ်ပေါ်လာတဲ့လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

ဒီနေ့ခေတ်မှာ အောင်မြင်မှုဆိုတဲ့စကားရပ်က ဆယ်ကျော်သက်အရွယ်လူငယ်တွေအပေါ်မှာ မချိမဆံ့ရိုက်ခတ်လျက်ရှိပါတယ်။ သင်သာမိဘတစ်ယောက်ဖြစ်မယ်ဆိုရင် ဒီစာအုပ်ထဲကတွေ့ရှိချက် တွေက သင့်ကိုများစွာအထောက်အကူဖြစ်စေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကလေးတွေက သူတို့ရဲ့ မိဘတွေအဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ အောင်မြင်မှုဆိုတဲ့စကားရပ်ထဲမှာ မတန်တဆပေးဆပ်နေရပါ တယ်။

အခွင့်အလမ်းတွေရှားပါးလာတာကတစ်ကြောင်း၊ အောင်မြင်မှုနဲ့ကျရှုံးမှုကြားက ကွာဟချက် ပိုမိုကျယ်ပြန့်လာတာကတစ်ကြောင်းကြောင့် အောင်မြင်မှုဆိုင်ရာယဉ်ကျေးမှုက တဖြည်းဖြည်းပိုဆိုး လာဖွယ်သာရှိပါတယ်။ ဒါဆိုကျွန်မတို့ဘယ်လိုလုပ်ကြမလဲ။ မိဘတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းနဲ့ အောင်မြင်မှုဟာမတူကြောင်း လေ့လာသင်ယူသင့်ပါတယ်။ ပြီးတော့ ကလေးတွေ ကို သူတို့ရဲ့စာမေးပွဲမှာ အမှတ်ကောင်းတာ မကောင်းတာ၊ တော်တာ မတော်တာတွေကို အပထားပြီး ခြွင်းချက်မရှိချစ်ပြဖို့လိုပါတယ်။ သူတို့ဟာ ဘာတွေပဲဖြစ်နေဖြစ်နေ သူတို့ရဲ့ဖြစ်တည်မှုက သင့်ဘဝ အတွက်အရေးပါကြောင်း သင့်ကလေးတွေသိအောင် ဖော်ပြပေးရပါမယ်။


    •        ကလေးရှိတဲ့မိဘတွေ
    •        ကလေးမိဘမဟုတ်ပေမဲ့ ကလေးတွေကိုအနီးကပ်ပျိုးထောင်နေသူတွေ


    •        ဒီနေ့ခေတ်လူငယ်တွေကြားမှာ ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်ဘာကြောင့်တိုးပွားလာကြောင်း
    •        အပေါ်ယံအောင်မြင်မှုထက် အတွင်းစိတ်သန္တာန်ကို ဘာကြောင့်တန်ဖိုးထားသင့်ကြောင်း
    •        အရေးပါတယ်ဆိုတဲ့ခံစားချက်က လူတွေရဲ့စိတ်ကိုဘယ်လိုပြောင်းလဲပေးနိုင်ကြောင်း