Leading with Love and Laughter

Zina Sutch & Patric Malone
  •  17 min
  •  Audio Available

“ချစ်တယ်” ဆိုတဲ့ စကားလုံးကို ကမ္ဘာတစ်ဝှမ်းလုံးမှာ အသုံးပြုတာကို တွေ့ရပါတယ်။ အိမ်ထောင်ဖက်ကို ချစ်တယ်။ မွေးချင်းမောင်နှမကို ချစ်တယ်။ မိဘတွေကို ချစ်တယ်။ သူငယ်ချင်းတွေကို ချစ်တယ်။ သူတို့ကလဲ သင့်ကို ပြန်ချစ်တယ်။ ဒါ့အပြင် ပီဇာကို ချစ်တယ်။ စာဖတ်ခြင်းကို ချစ်တယ်။ ဒီအရာတွေကတော့ သင့်ကို ပြန်မချစ်နိုင်ဘူး ပေါ့။

ဒါပေမဲ့၊ လူတွေက လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ “ချစ်တယ်” ဆိုတဲ့စကားကိုတော့ သိပ်ပြောတာ မတွေ့ရ ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေကို ချစ်တယ်၊ သူဌေးကို ချစ်တယ် ဒါမှမဟုတ် ဝန်ထမ်းတွေကို ချစ်တယ် ဆိုတာမျိုးပါ။ သင့်အနေနဲ့ သင့်အလုပ်ကို ချစ်ကောင်းချစ်နိုင်ပေမဲ့ ဒီအချစ်က ပီဇာကို ချစ်တဲ့အချစ်လောက်သာ ဖြစ်နိုင်ပါတယ်။

ဒီစာအုပ်ထဲမှာ ချစ်ခြင်းရဲ့ တကယ့်အဓိပ္ပာယ်က ဘယ်လိုဘယ်ပုံဆိုတာကို ဖော်ပြထားပါတယ်။ ချစ်ခြင်း တွေ၊ ရယ်မောခြင်းတွေနဲ့ ခေါင်းဆောင်ခြင်းက သင့်ကို ပိုကောင်းတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာစေ ပါလိမ့်မယ်။


    •        လုပ်ငန်း ထူထောင်ထားတဲ့ လုပ်ငန်းရှင်တွေ။
    •        အလုပ်ခွင်မှာ ခေါင်းဆောင်ပိုင်း တာဝန်ယူထားရသူတွေ။
    •        ခေါင်းဆောင်မှုပညာကို လေ့လာနေသူတွေ။



    •        ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အချစ်အမျိုးအစား။
    •        အဲဒီအချစ်ကို ဖော်ပြဖို့ မဖြစ်မနေ လိုအပ်တဲ့ အရာသုံးခု။
    •        ရယ်မောခြင်းတွေ ပြည့်နှက်နေတဲ့ အလုပ်ခွင်က ဘာကြောင့် အကျိုးထိရောက်မှု ရှိကြောင်း။