Built, Not Born

Tom Golisano
  •  25 min
  •  Audio Available

စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဟာ စွန့်စားမှုတွေကို လက်ခံနိုင်ရပါမယ်။ ဒါပေမဲ့ ရရှိလာမယ့်‌ အောင်မြင်မှုတွေနဲ့ လုပ်ပိုင်ခွင့်တွေက စွန့်စားဖို့အတွက် ထိုက်တန်ရပါမယ်။ စွန့်စားမှုတစ်ခုကို လက်မခံခင်မှာ ပထမဆုံးသင့်ရဲ့စွန့်စားလိုစိတ်နဲ့ စွမ်းရည်တွေကို ပြန်လည်သုံးသပ်ပါ။ ဒီနေရာမှာ သင့်ရဲ့စိတ်အားထက်သန်မှုက အရေးကြီးသလို အချက်အလက်ပေါ်မူတည်ပြီး ဆန်းစစ်လေ့လာ တတ်မယ်ဆိုရင် သင့်ရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်ရမလား ဒါမှမဟုတ် လျစ်လျူရှု ရမလားဆိုတာကိုလည်း ဆုံးဖြတ်နိုင်စေပါတယ်။

လုပ်ငန်းအတွက် ငွေကြေးလိုအပ်ချက်၊ လုပ်ငန်းလည်ပတ်ပုံနဲ့ တည်ဆောက်ပုံ၊ ဒါ့အပြင် လုပ်ငန်း တိုးတက်ရေးဗျူဟာတွေကိုလည်း စစ်စစ်ပေါက်ပေါက်စီမံပါ။ ရင်းနှီးမြှုပ်နှံသူတွေကို မဆွဲဆောင်ခင် မိမိရဲ့ ကိုယ်ပိုင်ငွေကို အသုံးပြုရတဲ့အခါတွေလည်း ရှိချင်ရှိလာနိုင်ပါတယ်။

သင်က အရောင်းအဝယ်ကျွမ်းကျင်လာတဲ့အခါ ငွေကြေးစီးဆင်းမှုကို ကိုင်တွယ်ရာမှာလည်း ပိုပြီး လွယ်ကူလာပါလိမ့်မယ်။ ထပ်ခါထပ်ခါ ဝယ်လေ့ရှိတဲ့ ဝယ်သူတွေကို ဂရုစိုက်ပါ။ အပြန်အလှန်လေးစားမှု၊ မျှတမှု၊ တီထွင်ဖန်တီးမှု၊ အရောင်းဝန်ထမ်းပီသမှု စတဲ့အချက်တွေနဲ့ ပြည့်စုံတဲ့ ကျွမ်းကျင်အသင်းအဖွဲ့ တစ်ခုကို တည် ဆောက်ပါ။ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် အပေးအယူတွေကို ရှာဖွေပါ။ စည်းကမ်းရှိတဲ့ ခေါင်းဆောင် တစ်ဦးအနေနဲ့ လုပ်ငန်းကို ဂုဏ်သိက္ခာကောင်းရရှိအောင် ကတိကဝတ်တည်ရာမှာလည်း လေးလေးနက်နက် ရှိပါစေ။ နောက်တစ်ခုအနေနဲ့ လုပ်ငန်းကို အပြီးသတ်ရောင်းချမလား ဒါမှမဟုတ် တိုးတက်နေစဉ် အကူး အပြောင်း ကာလမှာ ဆက်လက်လုပ်ကိုင်မလားဆိုတာကို အချိန်သတ်မှတ်ချက်နဲ့ စီစဉ်ပါ။

အမြော်အမြင်ရှိပြီး ပါးနပ်တဲ့ပန်းတိုင်ချမှတ်ခြင်း၊ ကျင့်ဝတ်သိက္ခာရှိရှိ ဖြေရှင်းခြင်း၊ ဆက်ဆံရေး တွေကို စိတ်ရှည်စွာတည်ဆောက်ခြင်းနဲ့ ဗျူဟာကျကျအကောင်အထည်ဖော်ခြင်းတို့ ရှိမယ်ဆိုရင် သင့်စိတ်ကူးတွေကို အောင်မြင်တိုးတက်တဲ့စွန့်စားမှုတွေအဖြစ် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။


    •        စီးပွားရေးလုပ်ငန်းရှင်များ
    •         စွန့်ဦးတီထွင်သူများ
    •         လုပ်ငန်းရှင်ဖြစ်လိုသူများ


    •        စွန့်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်နိုင်မဲ့ နည်းလမ်းတွေအကြောင်း
    •        မိမိလုပ်ငန်းကို အကျိုးအမြတ်ရအောင် ဘာတွေလုပ်သင့်သလဲဆိုတဲ့အကြောင်း
    •        ဘာကြောင့် နှစ်ဦးနှစ်ဖက်အကျိုးရှိမဲ့အပေးအယူတွေကို လုပ်သင့်သလဲဆိုတဲ့အကြောင်း