Ego is the Enemy

Ryan Holiday
  •  19 min
  •  Audio Available

သင့်ရန်သူဟာ ပြင်ပမှာရှိတာ မဟုတ်ပါ။ သင့်ရန်သူဟာ ကံဆိုးမှုတစ်ခု မဟုတ်သလို၊ မကောင်းတဲ့ မိဘ တွေလဲ မဟုတ်ပါ။ အကြံသမား ပြိုင်ဘက်တွေလဲ မဟုတ်သလို၊ အရင်းရှင်စနစ်ရဲ့ ညှင်းပန်းနှိပ်စက်မှုလဲ မဟုတ် ပါ။ သင့်ရဲ့ အဓိကရန်သူက သင့်ရဲ့အတ္တစိတ် ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့စိတ်၊ တစ်ကိုယ် ကောင်း ဆန်တဲ့စိတ်၊ စိတ်ကြီးဝင်တဲ့စိတ် - ဒါတွေအားလုံးကို ခြုံငုံပြီး အတ္တစိတ်လို့ တစ်လုံးတည်း ဖွဲ့ဆိုထားခြင်း ဖြစ်ပါတယ်။

လူရယ်လို့ ဖြစ်လာရင် ဘယ်သူမဆို အောက်ပါအဆင့် ၃ ဆင့်ထဲက တစ်ဆင့်ဆင့်မှာ ရှိနေတတ်ပါတယ်။ အဲဒါတွေကတော့ (၁) ဆန္ဒ သို့မဟုတ် ရည်မှန်းချက်၊ (၂ ) အောင်မြင်မှု၊ (၃) ကျရှုံးမှု တို့ ဖြစ်ပါတယ်။ ဒီထဲက တစ်ခုခုမှာ ကျွန်မတို့ ရှိနေပါလိမ့်မယ်။ ပြီးရင် နောက်တစ်ခုကို အမြဲ လိုက်ရှာနေပါလိမ့်မယ်။ ဥပမာ၊ သင်ဟာ လက်ရှိ သင့်အလုပ်မှာ အောင်မြင်နေတယ်ဆိုပါစို့။ နောက်ထပ် ဘာဆက်ဖြစ်မလဲ။ အခက်အခဲတွေ၊ ဆုံးရှုံးမှုတွေ နဲ့ ကြုံရနိုင်ပါတယ်။ ဒါမှမဟုတ် ဆက်လက် အောင်မြင်ချင် အောင်မြင်နေမယ်။ ပိုအောင်မြင်ချင်စိတ် ရှိနေမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆန္ဒရယ်၊ အောင်မြင်မှုရယ်၊ ကျရှုံးမှုရယ် ဆိုတာ ကျွန်မတို့ ရုန်းထွက်လို့ မရနိုင်တဲ့ သံသရာစက် ဝန်း တစ်ခုပါပဲ။

ဘာပဲဖြစ်ဖြစ်၊ ဘယ်အဆင့်မှာပဲ ရှိရှိ ဒါက အရေးမကြီးပါ။ သင့်အတ္တစိတ်ကသာ သင့်ရန်သူ ဖြစ်ပါတယ်။ ဒါကို တချို့လူတွေက ကန့်ကွက်ချင်ကြပါလိမ့်မယ်။ ဥပမာ - အလုပ်တစ်ခု စတင်ဖို့ အတ္တစိတ် လိုတယ်၊ ရှေ့ဆက် သွားဖို့ အတ္တစိတ် ရှိရမယ် စသဖြင့် ဆိုပါတော့။ ဒါပေမဲ့ ၊ ကျွန်မတို့ နားလည်သင့်တာက အတ္တစိတ်နဲ့ တိုးတက် ချင်စိတ်တို့ဟာ မတူညီပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းနဲ့ အတ္တစိတ် လွန်ကဲခြင်းကလဲ မတူပါ။ အတ္တစိတ်ဟာ သင့်အိပ်မက်တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဆက်ဆံရေးတွေ ပျက်ပြယ်သွားစေ နိုင်ပါတယ်။ သင် တည်ဆောက်ထားတဲ့ ဘဝကို ဖြိုဖျက် ပစ်နိုင်ပါတယ်။ ဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားချင်စိတ် ကင်းဝေးစေနိုင်ပါတယ်။

သင် ရောက်နေတဲ့ အဆင့်နဲ့ နေရာပေါ် မူတည်ပြီး အတ္တစိတ်က ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ရှိနိုင်ပါတယ်။ ဒါပေမဲ့၊ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ အတ္တစိတ်က သင့်အတွက်တော့ အမြဲတမ်း သင့်ရန်သူပါပဲ။


    •        ကိုယ့်စိတ်အခြေအနေကို ပြန်လည် အကဲဖြတ် ဆန်းစစ်လိုသူတွေ။
    •         ဘဝမှာ စစ်မှန်တဲ့ ရည်မှန်းချက် ထားလိုသူတွေ။
    •         အရာရာကို ကိုယ်လုပ်မှ ပြီးမယ်လို့ ထင်နေသူတွေ။



    •        အတ္တစိတ်နဲ့ တိုးတက်လိုစိတ်ကြားက ကွာဟာမှု။
    •         အတ္တစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ကြားက ကွာဟမှု။
    •         သင့်အတွက် အရေးပါတဲ့ အရာတွေကို ဘာကြောင့် အလေးထားသင့်ကြောင်း။