One Small Step Can Change Life

Robert Maurer
  •  25 min
  •  Audio Available

မိမိကိုယ်ကို ပြောင်းလဲပြင်ဆင်ဖို့က လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆင်ခြင်စားသောက်မယ်၊ လေ့ကျင့်ခန်း မှန်မှန်လုပ်မယ်၊ ပိုက်ဆံ စုမယ် ဆိုတာတွေက အပြောင်းအလဲဖြစ်မလာဘဲ စိတ်ကူးသက်သက်အဖြစ်သာ ရှိနေခဲ့တာတွေလည်း များပါပြီ။ နှစ်သစ်မှာတော့ လုပ်ဖြစ်အောင်လုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေဟာလည်း အလွယ်တကူမှေးမှိန် သွားလေ့ရှိပါတယ်။ စီးပွားရေးနည်းဗျူဟာတွေ ချမှတ် ထားကြပေမဲ့ ပထမတစ်လလောက်သာ တက်တက်ကြွကြွ ကြိုးစားခဲ့ပြီး၊ နောက်ပိုင်းမှာ နဂိုမူလပုံစံအတိုင်းသာ ပြန်ဖြစ်သွားတတ်ပါတယ်။ ပုံမှန်အပြေးလေ့ကျင့်မယ် ဆိုတဲ့စိတ်ကူးကလည်း အားကစားဖိနပ်အသစ်တစ်ရံ ဝယ်တဲ့ နေရာမှာပဲ အဆုံးသတ်သွားခဲ့တာပါပဲ။

ဒီလို မဖြစ်မြောက်ခြင်းတွေကို ကျော်လွှားဖို့ ကျွန်မတို့ရဲ့ဘဝကို တိုးတက်ပြောင်းလဲရာမှာ လွယ်ကူစေတဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ ဂျပန်လူမျိုးတွေမှာ “အဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်ခြင်း” လို့ အဓိပ္ပာယ် ရတဲ့ “ခိုင်ဇန်” လို့ ခေါ်တဲ့ ဝေါဟာရတစ်လုံး ရှိပါတယ်။ သင်ရဲ့ ဘဝနယ်ပယ်အသီးသီးမှာ ပြောင်းလဲမှုတွေကို စတင် ပုံဖော်နိုင်ဖို့ ခိုင်ဇန်ရဲ့ ရိုးရှင်းတဲ့နည်းဗျူဟာတွေကို အသုံးပြုနိုင်ပါတယ်။ အတွေးအခေါ်ပညာရှင် လောင်ဇူးရဲ့ “မိုင်ထောင်ချီတဲ့ ခရီးတွေကို ပထမဆုံးခြေတစ်လှမ်းနဲ့ စတင်ရပါတယ်” ဆိုတဲ့အတွေးအခေါ်ဟာ ခိုင်ဇန်ရဲ့ အနှစ် သာရ ဖြစ်ပါတယ်။


    •        ပြောင်းလဲဖို့ ကြိုးစားပေမဲ့ အောင်မြင်ဖို့ ခက်ခဲနေသူတွေ
    •         ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်မြင်ဖို့ ကြိုးစားချင်သူတွေ
    •         ကိုယ့်ကိုယ်ကိုယ် တိုးတက်မှုနှေးကွေးတယ်လို့ ထင်နေသူတွေ


    •        မပြောပလောက်တဲ့အရာလေးတွေက နောင်တစ်ချိန်မှာ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာ နိုင်ကြောင်း
    •         ရေကူးချန်ပီယ မိုက်ကယ်ဖက်စ်က ပေကျင်းမှာ ပြုလုပ်တဲ့ ၂၀၀၈ ခုနှစ်အိုလံပစ်အားကစား ပြိုင်ပွဲအတွက် ဘယ်လို လေ့ကျင့်ပြင်ဆင်ခဲ့ကြောင်း
    •         ဆုလာဘ်ကြီးကြီးတွေထက် ဆုလာဘ်သေးသေးလေးတွေက လူတွေရဲ့စိတ်ကို ဘယ်လို တွန်းအားပေး လှုံ့ဆော်နိုင်ကြောင်း