Effective Decision-Making

Edoardo Binda Zane
  •  23 min
  •  Audio Available

ဖိအားတွေအောက်မှာနေရင်း မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချရတာက ကျွန်မတို့အတွက် သိပ်ကိုခက်ခဲ ပါတယ်။ တစ်ခါတလေ ရွေးချယ်စရာမရှိလို့ ဖိအားများတာမျိုးမဟုတ်ဘဲ ရွေးချယ်စရာတွေများလွန်းလို့ ဖိအား များရတဲ့အခါတွေလည်း ရှိပါတယ်။ ဒါမှမဟုတ် မှန်ကန်တဲ့ရွေးချယ်မှုကို သေချာအတည်ပြုပေးနိုင်တဲ့ အရေးကြီး အချက်အလက်တစ်ခုကို စောင့်ဆိုင်းနေရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ 

ဆုံးဖြတ်ချက်ချနေရင်းနဲ့တောင် စိတ်အစွဲတွေ၊ အကြောက်တရားတွေကြောင့် ဆုံးဖြတ်ချက် တိမ်းစောင်း သွားရတာတွေလည်း ရှိတတ်ပါတယ်။ ဥပမာ - ကျွန်မတို့ရဲ့ခံယူချက်တွေ၊ ယူဆချက်တွေ မှန်ကန်ကြောင်း သက်သေပြဖို့ ပိုကောင်းတဲ့ဆုံးဖြတ်ချက်ကို ရွေးချယ်မဲ့အစား၊ ကျွန်မတိုရဲ့ ယုံကြည်ချက်နဲ့ ကိုက်ညီတဲ့အရာ ကိုသာ ရွေးချယ်ဖို့ဆုံးဖြတ်တာမျိုးပေါ့။ တစ်ခါတလေ ပိုပြီးကျိုးကြောင်းခိုင်လုံတဲ့ ဆုံးဖြတ်ချက်တစ်ခုချနိုင်စေဖို့ အရေးကြီးတဲ့အချက်အလက်တွေ ရှိနေရင်တောင် ကျွန်မတို့ရဲ့ နဂိုရွေးချယ်ထားတဲ့ ဆုံးဖြတ်ချက်နဲ့ မကိုက်ညီ တဲ့အခါ အဲဒါကို လျစ်လျူရှုမိတတ်ကြပြန်ပါတယ်။ 

လူတွေဟာ အကြောင်းအရာတစ်ခုကို သေသေချာချာ မသိတဲ့အခါ ယုံကြည်မှုလွန်ကဲပြီး ဆုံးဖြတ်ချက် မှားတတ်ကြပါတယ်။ သူတို့မသိတာတွေ ဘယ်လောက်တောင်များမှန်း သူတို့ကိုယ်တိုင်တောင် မသိပါဘူး။ တစ်ခါတလေကျပြန်တော့ လူတွေက အခြေအနေအရပ်ရပ်ကို သေချာနားလည်ပြီး ဆုံးဖြတ်ချက်ချဖို့ အကောင်းဆုံး အခြေအနေကို ပိုင်ဆိုင်ထားပါလျက် သံသယစိတ်ကြောင့် မှားယွင်း ဆုံးဖြတ်ကြတာမျိုးလည်း ရှိပါသေးတယ်။ 

ဒီပြဿနာအားလုံးကို ဒီစာအုပ်က ဖြေရှင်းပေးနိုင်ပါတယ်။ မသေချာမှုတွေနဲ့အတူ ဖိအားတွေ ဘယ်လောက်များများ ကောင်းမွန်ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်အောင် ဒီစာအုပ်က လမ်းညွှန်ပေးပါလိမ့် မယ်။ ဆုံးဖြတ်ချက်ချခြင်းနဲ့ ပတ်သက်တဲ့ သီအိုရီအမျိုးမျိုးကို လေ့လာရမှာ ဖြစ်သလို ယုံကြည်မှုအပြည့်နဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ရာ အသုံးဝင်တဲ့လက်နက်တွေကိုလည်း ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ 

ဒီစာအုပ်ကပေးတဲ့နည်းလမ်းတွေက သင့်ရဲ့စိတ်အစွဲတွေကို လျော့ပါးစေပြီး၊ ယုံကြည်မှုအပြည့်နဲ့ ဆုံးဖြတ်ချက်ကောင်းတွေ ချမှတ်နိုင်ဖို့အတွက် ရှုပ်ထွေးမှုတွေကိုရှင်းပေးပြီး လမ်းမှန်ကိုတည့်မတ်ပေးမှာ ဖြစ်ပါ တယ်။ သင် တစ်ခုမှတ်ထားရမှာက အမြဲတမ်းပြီးပြည့်စုံတဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ မလိုပါဘူး။ သင့်အနေနဲ့ သင့်အတွက် အကောင်းဆုံးသောဆုံးဖြတ်ချက်ကို ယုံကြည်မှုရှိရှိနဲ့ ရွေးချယ်နိုင်ဖို့သာ လိုအပ်ပါတယ်။ 


    • ဆုံးဖြတ်ချက်ချတဲ့အခါ ဝေဝေဝါးဝါးဖြစ်နေသူတွေ 
    • ဖိအားကြောင့် ဆုံးဖြတ်ချက်အမှန်နဲ့ အမြဲလွဲတတ်သူတွေ 
    • ရေရှည်ကိုထည့်မတွက်ဘဲ အလွယ်တကူ ဆုံးဖြတ်ချက်ချတတ်သူတွေ


    • ဆုံးဖြတ်ချက်ချရာမှာ အသုံးဝင်တဲ့ သီအိုရီပိုင်းဆိုင်ရာ နည်းစနစ်တွေအကြောင်း 
    • “ဘာကြောင့်လဲ” ဆိုတဲ့မေးခွန်းကို အထပ်ထပ်အခါခါ ဘာကြောင့် မေးသင့်ကြောင်း 
    • အဖွဲ့လိုက် ဆုံးဖြတ်ရမဲ့ဆုံးဖြတ်ချက်တွေမှာ ဘယ်လိုနည်းစနစ်တွေကို အသုံးပြုနိုင်ကြောင်း