ကျွန်မတို့ဟာ နေ့စဉ်နေ့တိုင်း စိုးရိမ်ကြောင့်ကြသောကဝေဒနာတွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒါပေမဲ့ ၊ ဒီဝေဒနာတွေကို ကုစားနိုင်တဲ့အရာတွေလည်း ရှိနေပါတယ်။ ဥပမာ၊ ဖြေရှင်းချက် ချက်ချင်းရလာဖို့မဟုတ်ဘဲ ငြိမ်းချမ်းမှုရစေဖို့ အလေးထားပြီး ဆုတောင်းတဲ့အခါ ကျွန်မတို့အတွက် စိတ်သက်သာရာရစေပါတယ်။ သတိရှိရှိ အသက်ရှူခြင်းလို နည်းလမ်းတွေက စိုးရိမ်သောကရောက်နေတဲ့စိတ်ကို ငြိမ်းချမ်းစေပြီး ခက်ခဲနေတဲ့အခြေအနေကို ထိန်းချုပ်လာနိုင်စေပါတယ်။ စိုးရိမ်သောကစိတ်ကို ကိုင်တွယ်နိုင်ဖို့ အဓိကသော့ချက်က မိမိတို့ရဲ့ ပြိုလဲလွယ်မှုကို လက်ခံပြီး ပုံမှန်ကြိုးစားအားထုတ်မှုကလေးတွေနဲ့အတူ ၊ လူအချင်းချင်း စာနာနားလည်မှုတွေကတဆင့် ကြံ့ကြံ့ခံနိုင် စွမ်းကို ရရှိအောင် ကြိုးစားဖို့ပဲဖြစ်ပါတယ်။
No New Notifications