Kaizen

Sarah Harvey
  •  17 min
  •  Audio Available

သင်ဟာ အမြဲတမ်း နှစ်သစ်ကူးဆုံးဖြတ်ချက်တွေချပြီး၊ ဇန်နဝါရီလလယ်လောက်မှာပဲ ဒါတွေဟာ မအောင် မြင်နိုင်ဘူး ဆိုတဲ့စိတ်နဲ့ ရပ်တန့်လိုက်တာမျိုးကို ကြုံဖူးသူ ဖြစ်ပါသလား။ နေ့စဉ်ပုံမှန်လှုပ်ရှားမှုတွေကို ပြောင်းလဲဖို့ ခက်ခဲနေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ 

အလေ့အကျင့်တွေကိုပြောင်းလဲရာမှာ “မရေရာမှု”က ကြောက်စရာ ဖြစ်နေပါတယ်။ ဒီကြောက်စိတ်ကို အောင်နိုင်ဖို့ “ဖြည်းဖြည်းမှန်မှန် အောင်ပွဲခံ” ဆိုတဲ့ စကားကို လက်ကိုင်ထားရပါမယ်။ ခိုင်ဇန် (Kaizen) ဆိုတာ ခိုင် (အဆက်မပြတ်) နဲ့ ဇန် (တိုးတက်ခြင်း) တို့ ပေါင်းစပ်ထားတာဖြစ်လို့ “အဆက်မပြတ်တိုးတက်အောင် ဆောင် ရွက်ခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။ 

ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုကို တစ်နေ့ထက်တစ်နေ့ နည်းနည်းချင်း ပိုတိုးတက်အောင်လုပ်ရင် အချိန် ကြာလာတာနဲ့အမျှ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ရလာပါလိမ့်မယ်။ ဒါဟာ ခိုင်ဇန် (Kaizen) ရဲ့ သဘော တရား ဖြစ်ပါတယ်။ 

ဒါကြောင့် သင့်ကိုယ်ပိုင်ဘဝတစ်လျှောက်မှာ နေ့စဉ်အလေ့အထတွေကို ပြောင်းလဲဖို့ ခြေလှမ်း သေးသေး လေးတွေနဲ့ စတင်ပြီး သင် ရည်မှန်းထားတဲ့အောင်မြင်မှုဆီကို အရောက်လှမ်းလိုက်ပါ။ 


    • ပြောင်းလဲဖို့ ကြိုးစားရင် နဂိုမူရင်းအခြေအနေကို ပြန်ရောက်သွားသူတွေ 
    • သူများကောင်းတယ်ပြောတိုင်း လိုက်လုပ်တတ်သူတွေ 
    • ကိုယ့်ကိုယ်ကိုယ် တိုးတက်ပြောင်းလဲချင်သူတွေ 



    • တိုရိုတာကားကုမ္ပဏီ အောင်မြင်ဖို့ ခိုင်ဇန်နည်းလမ်းက ဘယ်လောက်ကူညီပေးခဲ့ကြောင်း 
    • အပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေကိုမျှဝေနိုင်တဲ့ဂျပန်နိုင်ငံရဲ့အယူအဆတစ်ခုအကြောင်း 
    • ၁ ရာခိုင်နှုန်းလောက် တိုးတက်ခြင်းက ဗြိတိသျှစက်ဘီးစီးအဖွဲ့ကို အောင်မြင်မှုရအောင် တွန်းပို့နိုင်ခဲ့ကြောင်း