ကျွန်မတို့တတွေ အချိန်ခရီးသွားစက် ငှားပြီး အတိတ်ကာလကို ပြန်သွားကြည့်ကြပါစို့။ ရထားလုံးတွေနဲ့ သွား လာရတဲ့ခေတ်၊ တယ်လီဖုန်း မရှိတဲ့ခေတ်၊ ရေကြည်ရာမြက်နုရာ လှည့်လည်နေထိုင်ရတဲ့ခေတ်တွေကို ကြုံရပါလိမ့်မယ်။ ဒါပေမဲ့၊ ဒီကနေ့ခေတ်ကတော့ လုံးဝကွဲပြားခြားနားသွားပါပြီ။ နည်းပညာဆန်းသစ်မှုတွေနဲ့ စိုက်ပျိုးရေး ဆန်းသစ် မှုတွေ က ကမ္ဘာကြီးကို ခေတ်မီလာစေပြီး၊ ရိုးရှင်းလွယ်ကူလာစေပါတယ်။ ဒါကြောင့်၊ ဆန်းသစ်မှု နဲ့ တိုးတက်မှု ညီမျှတယ်လို့ ကျွန်မတို့က ယူဆကြတယ် မဟုတ်ပါလား။
ဆန်းသစ်မှုတိုင်းက အားကောင်းတယ်ဆိုပေမဲ့၊ ကျွန်မတို့ဘဝတွေအတွက် လုံးဝပိုကောင်းလာတာမျိုး မဟုတ်ပါ ဘူး။ ကျွန်မတို့ဘဝတွေကို ပိုကောင်းအောင် အကျိုးပြုပေးနိုင်တဲ့ တီထွင်ဆန်းသစ်မှုကိုတော့ ဖန်တီး တွေးခေါ်မှု (design thinking) လို့ ခေါ်ပါ တယ်။
No New Notifications