No-excuses Innovation

Bruce Vojak & Walter Herbst
  •  20 min
  •  Audio Available

ပြဿနာတွေအတွက် အဖြေရှာရာမှာ ဆန်းသစ်ပြီး ဝယ်ယူသူကို ဗဟိုပြုတဲ့ဖြေရှင်းနည်း (Design thinking) နဲ့ စိတ်ခံစားချက်ကို ပုံဖော်နိုင်ခြင်းနည်း (Emotional design) တို့ကို အသုံးပြုတာက အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ (SME) ရဲ့ အခက်အခဲတွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲစေနိုင်ပါတယ်။ စဉ်ဆက် မပြတ် ဆန်းသစ်တီထွင်သူတွေဟာ နည်းပညာနဲ့ ဝယ်သူရဲ့အကြောင်းကို ပေါင်းစပ်ပြီး နယ်ပယ်တစ်ခုလုံးကို သစ်လွင်ဆန်းသစ်စေတာကြောင့် သူတို့ရဲ့အခန်းကဏ္ဌဟာ အရေးကြီးပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ (SME) ရဲ့ ဗျူဟာမြောက်ဆန်းသစ်တီထွင်မှု စီမံရေးမှာ အမြော်အမြင်နဲ့ လက်တွေ့လုပ်ဆောင်ပုံကို ဟန်ချက်ညီအောင် ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ဆန်းသစ်တီထွင်ဖို့အတွက်ဆိုရင် ဗျူဟာကျတဲ့နည်းလမ်းတစ်ခု၊ ထိရောက်တဲ့ ရည်ရွယ်ချက်အခြေပြုစီမံရေး၊ ဆန်းသစ်တီထွင်မှုကို အားပေးတဲ့ ဓလေ့နဲ့ ပြောင်းလွယ်ပြင်လွယ်တဲ့ လုပ်ငန်းတည်ဆောက်ပုံတို့ လိုအပ်ပါတယ်။ အောင်မြင်တိုးတက်လိုတဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်း တွေ (SME) အတွက် ဆန်းသစ်တီထွင်မှုဓလေ့ကို ကျင့်သုံးပြီး ဈေးကွက်လိုအပ်ချက်အလိုက် ပြောင်းလဲနိုင်စွမ်းက အဓိက နည်းဗျူဟာတွေ ဖြစ်ပါတယ်။  

    • အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ 
    • မန်နေဂျာများ 
    • ဆန်းသစ်တီထွင်မှုကို အားပေးလိုသူများ 



    • ကုန်ပစ္စည်းတစ်ခုက ဝယ်သူရဲ့စိတ်ခံစားချက်နဲ့ အချိတ်အဆက်မိနေဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း 
    • လုပ်ငန်းရဲ့မျှော်မှန်းချက်နဲ့ လက်တွေ့လုပ်ဆောင်ပုံတို့ ဟန်ချက်ညီဖို့ အရေးကြီးရခြင်းအကြောင်းအရင်းများ 
    • မစ်ထ်ထရိုနစ် (Midtronics') ကုမ္ပဏီရဲ့အောင်မြင်တိုးတက်လာရခြင်း အကြောင်းအရင်း