လူ့အဖွဲ့အစည်းအတွင်းနေထိုင်ရာမှာ လိုက်လျောညီထွေဖြစ်ဖို့အတွက် ကျွန်မတို့ လိုက်နာသင့်တဲ့ စည်းဘောင်သတ်မှတ်ချက်တွေ အများအပြား ရှိပါတယ်။ ဒီလိုလူ့ဘောင်စည်းကမ်းများနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ကိုယ့်ကိုယ်ကို ကန့်သတ်ရင်း ဖိအားတွေကို ခံစားနေမယ့်အစား ၊ အဲဒါတွေကို လျစ်လျူရှူထားလိုက်တာက ကျွန်မတို့ရဲ့ စိတ်ခံစားချက်ကို ပိုပြီးအဆင်ပြေစေပါတယ်။ ကျွန်မတို့ရဲ့ဖြစ်တည်မှုအတိုင်း နေထိုင်ခြင်းက တစ်ပါးသူတွေရဲ့အမြင်မှာတော့ ထူးဆန်းကောင်းထူးဆန်းနေပါလိမ့်မယ် ။ ဒါပေမဲ့ ကျွန်မတို့ကိုယ်တိုင်အတွက် တော့ ကျွန်မတို့ရဲ့အိပ်မက်တွေ၊ ကျွန်မတို့ရဲ့ရည်မှန်းချက်တွေအတိုင်း ဘဝကိုစိတ်ပါလက်ပါ ရှင်သန်နိုင်စေ ပါတယ်။ ဒီလိုရှင်သန်ခြင်းကဟာ ကျွန်မတို့အတွက် စစ်မှန်တဲ့ပျော်ရွှင်ခြင်းကို ဆောင်ကြည်းပေးပါလိမ့်မယ် ။
No New Notifications