Boundaries

Henry Cloud and John Townsend
  •  20 min
  •  Audio Available

သင်ဟာ သင့်ကလေးကို မနက်စာ ပြင်ပေးဖို့၊ နှိုးစက်မမြည်ခင် အစောကြီး နိုးထလာတယ် ဆိုပါစို့။ သင့်ရဲ့ အလုပ်မှာ ဆွေးနွေးတင်ပြမှုတစ်ခုလုပ်ဖို့အတွက်လည်း ပြင်ဆင်ရအုံးမယ်။ ဒါပေမဲ့၊ သင်က သင့်ခင်ပွန်းကို ထမင်း ကူချက်ပေးဖို့ မတောင်းဆိုဘဲနေမယ်။ သင် အလုပ်ကိုရောက်တဲ့အခါမှာလည်း တင်ပြဆွေးနွေးမှုအတွက် နေရာ ထိုင်ခင်း မပြင်ဆင်ရသေးတာကို တွေ့ရမယ်။ ဒီတော့၊ အားလုံးအဆင်သင့် ဖြစ်အောင် သင် တတ်နိုင်သမျှ လုပ် ရမယ်။ အဲဒီအချိန်မှာ သူဌေးက လာမယ့် ခရစ်စမတ်ပါတီအတွက် ကူညီဆောင်ရွက်ပေးဖို့ သင့်ကို တောင်းဆိုလာ မယ်။ သင့်အနေနဲ့ အဲဒါကိုလည်း ခေါင်းညိတ်လိုက်ရအုံးမယ်။ ဒီလိုအဖြစ်မျိုးကို သင် ကြုံဖူးကောင်း ကြုံးဖူး မှာပါ။  

ဒီလိုအဖြစ်တွေကြောင့်မို့ ကျွန်မတို့ဟာ စည်းဘောင်သတ်မှတ်ချက် ထားရပါမယ်။ စည်းထားတာက ကိုယ့်အတွက်ရော၊ သူတစ်ပါးအတွက်ပါ အကျိုးရှိစေတဲ့အရာပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရာ ရောက်သလို၊ သူတစ်ပါးအပေါ် ကြင်နာမှု ပေးနိုင်စေတဲ့အရာလည်း ဖြစ်ပါတယ်။ ဒီစာအုပ်မှာဆိုရင် ကိုယ့်အတွက်ရော၊ သူတစ်ပါးအတွက်ပါ သင့်တင့်လျောက်ပတ်တဲ့ စည်းဘောင်သတ်မှတ်ချက်တွေ ဘယ်လိုချသင့်တယ်ဆိုတာကို တိတိကျကျ ဖော်ပြထားပါတယ်။  


    • ငြင်းရမှာ အားနာတတ်သူတွေ။ 
    • စည်းထားဖို့ တွန့်ဆုတ်နေသူတွေ။ 
    • မိသားစုထက် အလုပ်ကို ဦးစားပေးသူတွေ။ 



    • စည်းထားခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေ 
    • စည်းမထားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ 
    • အိမ်ထောင်ရေးမှာ စည်းထားဖို့ ဘာကြောင့် လိုအပ်တယ်ဆိုတာတွေ။