လူ့ဘဝဆိုတာ သမားရိုးကျမည်ကာမတ္တဖြတ်သန်းရမယ့် ကာလတစ်ခု မဟုတ်ပါ။ သင့်ဘဝမှာ သင် ပိုင်ဆိုင်ချင်တဲ့ကျွမ်းကျင်မှုတတ်မြောက်မှုတွေကို အမြင့်ဆုံးအနေအထားအထိရောက်ဖို့ သင့်အရည်အချင်း တွေကို မြှင့်တင်ဖို့လိုအပ်ပါတယ် ။ ဒါမှသာ အဆုံးမရှိနိုင်တဲ့အောင်မြင်မှုတွေနဲ့စိတ်ကျေနပ်မှုတွေကို သင် ခံစား ရပါလိမ့်မယ်။ တစ်ခါတလေ သင့်အနေနဲ့ အောင်မြင်မှုကိုရရှိဖို့ ဘယ်နေရာကစတင်ရမှန်းမသိဘဲ ဖြစ်နေတတ် ပါလိမ့်မယ်။ ဒါပေမဲ့၊ ဒီကိစ္စက စိုးရိမ်လောက်စရာကိစ္စမဟုတ်သလို သင် ထင်သလိုလည်း ခက်ခဲလှတာ မဟုတ် ပါ။ သင့်ဘဝမှာ ဘယ်အရာတွေကို ပြောင်းလဲပစ်ချင်သလဲဆိုတဲ့မေးခွန်းကို သင့်ကိုယ်သင် မေးပါ။ အဖြေ မရမချင်း စဉ်းစားပါ။ ရှင်းလင်းတိကျတဲ့ အဖြေရပြီဆိုတာနဲ့ သင့်အချိန်ကို ဘယ်လိုခွဲဝေသုံးစွဲရမယ် ၊ သင့်ရဲ့ တိုးတက်မှုကို အမြင့်ဆုံးရောက်အောင် ဘယ်လိုစီမံဆောင်ရွက်ရမယ်၊ သင့်ကိုယ်စိတ်နှစ်ပါး ကျန်းမာအောင် ဘာတွေလုပ်ရမယ်ဆိုတာကို သင် သိလာပါလိမ့်မယ်။
No New Notifications