Leadership Two Words at a Time

Bill Treasurer
  •  15 min
  •  Audio Available

ထူးချွန်တဲ့ခေါင်းဆောင်မှုဆိုတာ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သေချာသိပြီး ၊ ကိုယ့် အဖွဲ့သားတွေရဲ့ စံပြအဖြစ် နေ‌နိုင်ဖို့ လိုအပ်ပါတယ်။ ပြီးရင်၊ ယုံကြည်မှုကို တည်ဆောက်ရပါမယ်။ ယုံကြည်မှု ဆိုတာ ကိုယ့်လက်အောက်ငယ်သားတွေအပေါ် ယုံကြည်မှုပေးခြင်းကနေ အစပျိုးရတာပါ။ ဒါကြောင့်၊ သင့်အဖွဲ့ သားတွေနဲ့ ပွင့်ပွင့်လင်းလင်းစကားပြောပြီး သူတို့ဘက်ကအမြင်တွေ၊ ထောက်ပြချက်တွေကို အရှိအတိုင်း ပြောရဲ စေမဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးပေးရပါမယ်။  

သင့်အနေနဲ့ နေရာချထားပေးတတ်တဲ့ အရည်အချင်းလည်း လိုအပ်ပါတယ်။ သင့်အဖွဲ့ကနေ အကောင်းဆုံးရလဒ်ကိုရဖို့ဆိုရင် အဖွဲ့ဝင်တွေကို တာဝန်တွေ ခွဲပေးတတ်ရပါမယ်၊ သူတို့ရဲ့လုပ်ဆောင်ချက်တွေ အပေါ် မှတ်ချက်ပေးရပါမယ်၊ ဘီ-အီး-အီး-အာ (BEER) နည်းလမ်းကိုသုံးပြီး အပျက်သဘောတွေကို အပြု သဘောအဖြစ် မြင်တတ်အောင် လုပ်ပေးရပါမယ်။  

နောက်ဆုံးတစ်ခုကတော့ အဖွဲ့ဝင်အားလုံးကို ညီတူညီမျှ ဆက်ဆံဖို့ပါ။ သင်ကိုယ်တိုင် ဘက်မလိုက် မိအောင် နေရပါမယ်။ အလုပ်မှာ လူမျိုးနေရာဒေသ မတူတာ၊ ရာထူးမတူတာမျိုး ဆိုရင်တောင်မှ သူတို့ရဲ့ အားစိုက်ထုတ်မှုကိုတော့ တန်းတူ ချီးမြှောက်ရပါမယ်။ ဒီအချက်တွေကိုသာ လိုက်နာမယ်ဆိုရင် သင်ဟာ ထူးချွန်‌တဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်လာပါလိမ့်မယ်။ 


    • လူငယ်များ၊ 
    • လုပ်ငန်းရှင်များ၊ 
    • ခေါင်းဆောင်များ။ 



    • ယုံကြည်မှုရဲ့ အရေးပါပုံအကြောင်း၊ 
    • အောက်လက်အောက်ငယ်သားကို ဘယ်လို‌လမ်းဖွင့်ပေးရမယ်ဆိုတဲ့အကြောင်း၊ 
    • အလုပ်ခွင်အတွင်း ဘက်လိုက်မှု မရှိသင့်တဲ့အကြောင်း။