Leadership 101

John C. Maxwell
  •  20 min
  •  Audio Available

ခေါင်းဆောင်မှုဆိုတာ ဖော်ကျုး (Fortune) ချန်နယ်မှာဖော်ပြနေကျ ထိပ်တန်းကုမ္ပဏီ၅၀၀ရဲ့ လုပ်ငန်း ရှင်တွေ၊ စီးပွားရေးသမားတွေ၊ စွန့်ဉီးတီထွင်သူတွေနဲ့သာ သက်ဆိုင်တဲ့စကားလုံးလို့ သင်ယူဆပါသလား။ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းဆိုတာ မွေးကတည်းက ပါလာပြီး ဖန်တီးယူလို့မရနိုင်တဲ့အရာလို့ သင် လက်ခံယုံကြည်ထားပါသလား။ 

ဒီလိုအယူအဆဟာ ကြားရတာနဲ့တင် လက်ခံနိုင်စရာမရှိပါဘူး။ ဘာလို့လဲဆိုတော့ မမှန်ကန်တဲ့ အယူအဆ ဖြစ်နေလို့ပါပဲ။ ဘယ်သူမဆို ခေါင်းဆောင်ဖြစ်နိုင်ပါတယ်။ ရှေ့လူတွေရဲ့ တိုးတက်မှု ကြိုးစား မှုတွေကို လူတိုင်းလိုက်ပါအတုယူနိုင်ပါတယ်။ ခေါင်းဆောင်မှုအတတ်ပညာဆိုတာ လေ့လာသင်ယူလို့ ရတယ်။ ပြုစုပျိုးထောင်လို့ရတယ်။ ကျွမ်းကျင်အောင် လုပ်လို့ရပါတယ်။ 

ခေါင်းဆောင်မှုဆိုတာ ရေရှည်ဖော်ဆောင်ရတဲ့ လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ခေါင်းဆောင်မှုဟာ အချိန်ကြာလာတာနဲ့အမျှ သင့်ဘဝရဲ့ ကဏ္ဍအသီးသီးကို ပြောင်းလဲပေးနိုင်ပါတယ်။ “လူခင်ရင် မူပြင်တယ်” ဆိုတဲ့စကားကို သင် ကြားဖူးပါသလား။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်ရင်ဒီလိုလုပ်လို့ မရနိုင်ပါ။ ကိုယ်တိုင် ချမှတ်ထားတဲ့စည်းကမ်းကို အပြောင်းအလဲမရှိ လိုက်နာရမှာဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်နိုင်စွမ်းလည်း ရှိရပါမယ်။ ဦးစားပေးသင့်တာကို ဦးစားပေးတတ် ရမယ်။ ကိုယ်ကျင့်တရား ကောင်းမွန်ရမယ်။ ရာသက်ပန် လေ့လာသင်ယူနိုင်ရမယ်။ ဒီအရည်အချင်းတွေဟာခေါင်းဆောင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။ 

    • ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်နိုင်စွမ်းမရှိသူလို့ယူဆနေသူများ။ 
    • လုပ်ငန်းတစ်ခုမှာ ခေါင်းဆောင်နေရာက တာဝန်ယူဆောင်ရွက်ရသူများ။ 
    • ခေါင်းဆောင်မှုအကြောင်း စိတ်ဝင်စားသူများ။ 


    • အလုပ်ကြိုးစားသလောက် မထိရောက်ရတဲ့ အကြောင်းအရင်း။ 
    • ၂၀ - ၈၀ စည်းမျဉ်းက လုပ်စရာအလုပ်တွေကို လျှော့ချပေးနိုင်တဲ့အကြောင်း။ 
    • အရည်အချင်းအားလုံးထဲမှာ ယုံကြည်မှုဟာ အဖိုးတန်ဆုံးဖြစ်ရခြင်းအကြောင်း။