The Five Dysfunctions of a Team

Patrick M. Lencioni
  •  25 min
  •  Audio Available

လူတွေနဲ့ မဖြစ်မနေ အလုပ်အတူတူလုပ်ရတဲ့သူမျိုးတွေအတွက် အရေးကြီးတာတစ်ခုက အဖွဲ့လိုက်လုပ်ဆောင်ခြင်းအကြောင်းကို နားလည်ဖို့ပဲဆိုတာ မလွဲဧကန်ပါပဲ။ ကောင်းမွန်စည်းလုံးတဲ့ အဖွဲ့လိုက်လုပ်ဆောင်ခြင်းမျိုးဆိုတာ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာတတ်တဲ့အရာမျိုး မဟုတ်ပါဘူး။ သေချာတိကျစွာတွက်ချက်ထားတဲ့ စုပေါင်းအားထုတ်မှုမျိုး လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ အသင်းအဖွဲ့တွေရဲ့ နဂိုမူရင်းပုံစံကိုက ကမောက်ကမဖြစ်တတ်တဲ့သဘောရှိလို့ပါ။ အတ္တကိုယ်စီနဲ့ ကိုယ်ပိုင်ပန်းတိုင် ရှိကြတဲ့ လူတစ်ယောက်ချင်းစီနဲ့ ဖွဲ့စည်းထားတာမဟုတ်လား။ 

ကံကောင်းစွာနဲ့ပဲ အဖွဲ့လိုက်လုပ်ဆောင်မှုကောင်းကောင်းတစ်ခုကို အထောက်အကူကောင်းကောင်း အချိတ်အဆက်မိမိနဲ့တည်ဆောက်ရင် ‌အောင်မြင်နိုင်ပါတယ်တဲ့။ ဥပမာအားဖြင့် အဖွဲ့ခေါင်းဆောင်တွေက အဖွဲ့နဲ့သူတို့ကြား ယုံကြည်မှုကိုတည်ဆောက်နိုင်လိုက်ရင် အဖွဲ့ဝင်အချင်းချင်း ပြဿနာဖြစ်တဲ့အခါ ညှိနှိုင်းရတာ ပိုအဆင်ပြေနိုင်ပါတယ်။ ခေါင်းဆောင်တွေက အဖွဲ့သားတွေအတည်တကျအာရုံစိုက်နိုင်အောင် သူတို့အောင်မြင်ရမဲ့ပန်းတိုင်ကို သတ်မှတ်ပေးပြီး စဉ်ဆက်မပြတ်စောင့်ကြည့်ပေးနေရပါမယ်။ ခေါင်းဆောင်တွေအနေနဲ့ ရှေ့ဆောင်လမ်းပြတစ်ယောက်လို နည်းမှန်လမ်းမှန်ကျင့်သုံးနေထိုင်ပြဖို့ကလဲ ရှေ့အချက်တွေနဲ့ ညီတူညီမျှအရေးကြီးပါသေးတယ်။ 

    • အဖွဲ့ထဲမှာ အရမ်းတော် အရမ်းထက်တဲ့ လူတွေပါနေတာတောင်မှ အဖွဲ့လိုက်လုပ်ဆောင်မှုကို အလေးထားဖို့ ဘာလို့ အရေးကြီးတာလဲဆိုတဲ့အကြောင်း။ 
    • အဖွဲ့ဝင်အချင်းချင်း ကိုယ်စီအားနည်းချက်တွေနဲ့ အမှားတွေကို ပွင့်ပွင့်လင်းလင်းပြောပြကြဖို့ ဘာကြောင့်လိုအပ်တာလဲဆိုတဲ့အကြောင်း။ 
    • ကိုယ်စီရည်မှန်းချက်တွေထက် အဖွဲ့ရဲ့ရလဒ်ကို ပိုအလေးထားဖို့ အဖွဲ့သားတွေကို ဘယ်လိုတွန်းအားပေးရမလဲဆိုတဲ့အကြောင်း။ 


    • အသင်းအဖွဲ့တစ်ခုမှာပါဝင်ဖို့ ပြင်ဆင်နေသူများ။ 
    • ထက်မြက်ပြီးအသုံးဝင်တဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လိုသူများ။ 
    • စည်းလုံးညီညွှတ်တဲ့ အဖွဲ့အစည်းတစ်ခု တည်ထောင်ချင်သူများ။