The Entrepreneurial Bible to Venture Capital

Andrew Romans
  •  22 min
  •  Audio Available

လတ်တလောနှစ်တွေမှာ နည်းပညာ ကုမ္ပဏီတိုင်းနီးပါးကို  လုပ်ငန်းသစ်မြှုပ်နှံသူ (Venture Capitalist) လုပ်ငန်းတွေက ငွေကြေးထောက်ပံ့ပေးထားတာကြောင့် လုပ်ငန်းသစ်တည်ထောင်ရာမှာ သူတို့တွေရဲ့ဩဇာက ကြီးမားလာပါတယ်။ ဒီလုပ်ငန်းကို အတိုကောက်အားဖြင့် ဗွီစီ (VC) လို့ပဲ ခေါ်ကြပါစို့။ ဆန္ဒပြင်းပြတဲ့ စွန့်ဦးတီထွင်သူတွေ အနေနဲ့ ဗွီစီလုပ်ငန်းတွေက ဘာကို လိုချင်တယ်ဆိုတာနဲ့ မိမိရဲ့လုပ်ငန်းအစီအစဉ်ကို ဘယ်လို အကောင်းဆုံး ဖော်ပြရမလဲဆိုတာ သိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် စီမံခန့်ခွဲရေးအသင်းကောင်းတစ်ခု ဖွဲ့ထားပါ။ မိမိလုပ်ငန်းအကြောင်း ဘယ်လိုဇောင်းပေးဖော်ပြရမလဲဆိုတာ လေ့လာပါ။ သင့်ရဲ့ လုပ်ငန်းစတင်တည်ထောင်တဲ့ အိပ်မက်ကို အသက်သွင်းရာမှာ ဘဏ္ဍာငွေလုံလောက်ဖို့ကလဲ အရေးပါတဲ့အပိုင်းတစ်ခု ဖြစ်ပါတယ်။ 

    • လုပ်ငန်းစတင်လိုသူများ။ 
    • စွန့်ဦးတီထွင်လုပ်ငန်းရှင်များ။ 
    • ရင်းနှီးမြှုပ်နှံသူ ရှာလိုသူများ။ 


    • ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ဖို့ စီမံခန့်ခွဲရေး အသင်းကောင်းတစ်ခု ဘယ်လို တည်ဆောက်ရမလဲဆိုတဲ့ အကြောင်း။ 
    • အောင်မြင်တယ်ဆိုတာက ဆုတ်ခွာဗျူဟာတစ်ခု ရှိခြင်းလို့ ဘာကြောင့် အဓိပ္ပါယ်ရသလဲဆိုတဲ့ အကြောင်း။ 
    • ဗွီစီ တစ်ယောက်ဆီ မသွားခင်မှာ စီးပွါးရေးအိန်ဂျယ် (Angel Investor)တစ်ယောက် ဘာကြောင့် အရင်ရှာသင့် သလဲ ဆိုတဲ့ အကြောင်း။