Better Than Before

Gretchen Rubin
  •  16 min
  •  Audio Available

မဟတ္တမဂန္ဓီ   ပြောဖူးတဲ့စကားတစ်ခု ရှိပါတယ်။ အဲဒါကတော့၊ “လုပ်ရပ်တွေကတစ်ဆင့် အလေ့အကျင့်တွေ ဖြစ်လာတယ်။ အလေ့အကျင့်တွေက လူတစ်ယောက်ရဲ့တန်ဖိုးကို ဖော်ပြပေးတယ်။ အဲဒီတန်ဖိုးတွေက လူတစ်ယောက်ရဲ့ ဘဝကံကြမ္မာ ဖြစ်တယ်” လို့ ဆိုပါတယ်။ ကျွန်မတို့အားလုံးဆီမှာ ကောင်းတဲ့အလေ့အကျင့်တွေ ရှိသလို၊ မကောင်းတဲ့ အလေ့အကျင့်တွေလဲ ရှိပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကောင်းတဲ့အလေ့အကျင့်တွေကိုသာ လိုချင်ကြပြီး၊ မကောင်းတဲ့ အလေ့အကျင့်တွေကိုတော့ တတ်နိုင်သမျှ နည်းချင်ကြသူချည်းပါပဲ။ ဒါဆို၊ အဲဒီလိုဖြစ်ဖို့ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ။ ဒီစာအုပ်ထဲမှာပါဝင်တဲ့နည်းလမ်းတွေက သင်ကိုယ်တိုင် နေ့စဉ်အသုံးချနိုင်တဲ့၊ ရိုးရှင်းတဲ့နည်းလမ်းလေးတွေပါ။ ပြီးတော့၊ အကျင့်ဆိုးတွေကို ဘယ်လိုတိုက်ထုတ်ရမယ်၊ အကျင့်ကောင်းတွေကို စွဲစွဲမြဲမြဲဘယ်လိုမွေးမြူရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေ ပါဝင်ပါတယ်။ 

  • မိမိကိုယ်မိမိ တိုးတက်အောင်လုပ်ခြင်းကို စိတ်ဝင်စားသူအားလုံး။ 

    • နေ့စဉ်မှတ်တမ်းရေးခြင်းကြောင့် ရလာနိုင်တဲ့အကျိုးကျေးဇူးတွေ။ 
    • အကျင့်ဆိုးတွေဖျောက်ရာမှာ အသုံးဝင်တဲ့နည်းလမ်းတွေ။ 
    • အာရုံပြောင်းခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ။