Master Your Emotions

Thibaut Meurisse
  •  15 min
  •  Audio Available

ကျွန်မတို့ရဲ့ ဘဝနေပျော်မှုအရည်အသွေးဟာ မိမိတို့ စိတ်ခံစားချက်တွေအပေါ်မှာ မူတည်ပါတယ်။ သင့်ရဲ့စိတ်ခံစားချက်တွေက ပီတီဖြစ်စိတ်၊ ဒါမှမဟုတ် ငြိမ်းချမ်းတဲ့ စိတ်အခြေအနေကို ဖန်တီးနိုင်ပါတယ်။ တစ်ဖက်မှာလဲ ရှက်ရွံ့စိတ်၊ ကြောက်စိတ်တို့လို အနုတ်သဘောဆောင်တဲ့ ခံစားချက်တွေကို မထိန်းချုပ်နိုင်ခဲ့ရင် သင့်ရဲ့တစ်နေ့တာကို နှောင့်ယှက်နေမှာပါ။ ဒါပေမဲ့ အနုတ်သဘောဆောင်တဲ့ အတွေးခံစားချက်တွေက အကြောင်းအရင်းတစ်ခုကြောင့် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ရှင်သန်နိုင်မှုအတွက်ပေါ့။  

အလွန်အမင်း မျှော်လင့်ချက်ကြီးတာက မလိုအပ်တဲ့ အနုတ်သဘော စိတ်ခံစားချက်တွေကို ဖြစ်ပေါ်စေပါတယ်။ သင့်ရဲ့စိတ်ခံစားချက်တွေကို ပြင်ပနေရာက ကြည့်ရှုစီစစ်မယ်ဆိုရင် ရှုထောင့်သစ်တစ်မျိုး တွေ့ရှိနိုင်မှာပါ။ 

သင့်ရဲ့အတွေးတွေကို အပြုသဘောဆောင်တဲ့ အတွေးတွေဖြစ်အောင် လေ့ကျင့်ပြီး သင့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်မယ်ဆိုရင် စိတ်ခံစားချက်တွေက အသုံးဝင်တဲ့အရာတွေ ဖြစ်လာမှာပါ။ 

    • စိတ်ခံစားချက်တွေကို ထိန်းချုပ်ကိုင်တွယ်နိုင်လိုသူများ။ 
    • အနုတ်သဘောဆောင်တဲ့ စိတ်ခံစားချက်များသူများ။ 
    • မိမိရဲ့စိတ်ခံစားချက်တွေကို နားလည်လိုသူများ။ 


    • စိတ်ခံစားချက်တွေကို နားလည်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြောင်း။ 
    • စကားလုံးတွေနဲ့ စိတ်ခံစားချက်တွေက ဘယ်လို ဆက်စပ်မှုရှိနေသလဲဆိုတဲ့ အကြောင်း။ 
    • ဘာကြောင့် အိပ်ရေးဝဝ အိပ်စက်ဖို့လိုသလဲဆိုတဲ့ အကြောင်း။