You Lead

Minter Dial
  •  16 min
  •  Audio Available

ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ အရည်အချင်းတွေ လူတိုင်းမှာ ရှိတယ်။ လိုအပ်တာက ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေကို ဆွဲထုတ်နိုင်ဖို့ပဲ။ အခုလို ယှဉ်ပြိုင်မှုများတဲ့လောကကြီးမှာ သမားရိုးကျ ခေါင်းဆောင်မှုပညာလောက်နဲ့ မလုံလောက်ဘူး။ Client တွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ယုံကြည်မှုရဖို့ သင့်ကိုယ်သင် ရှာဖွေရမယ်။ ဒီခေတ်အလုပ်သမားတွေကို ခေါင်းဆောင်နိုင်ဖို့ ကိုယ့်အကြောင်းကို ကောင်းကောင်း နားလည်ထားရမယ်။ ကိုယ့်အားနည်းချက်ကို အားသာချက်အဖြစ် အသုံးချနိုင်ရမယ်။ ခေါင်းဆောင်မှုပညာနဲ့ပတ်သက်တဲ့ စာအုပ်တော်တော်များများမှာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ချင်ရင် အကျင့်တွေ ပြောင်းရမယ်၊ ကိုယ်ပိုင်ပုံရိပ်တွေ ပြောင်းရမယ်၊ နည်းလမ်းတွေ ပြောင်းရမယ်၊ ဒီလိုမျိုး ရေးသားထားကြတယ်။ ဒီစာအုပ်ကတော့ ဒါတွေအားလုံးနဲ့ ဆန့်ကျင်ဘက်ပဲ။ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ အဓိကလျှို့ဝှက်ချက်က “သင်ဟာ သင်ဖြစ်ဖို့ပဲ”။ ဆိုလိုတာက သူများတွေးသလို မတွေးဘဲ၊ သူများလုပ်သလို မလုပ်ဘဲ သင့်အတွေး သင့်ခံယူချက်နဲ့ နေရမယ်။ အခြားလုပ်ငန်းဦးဆောင်သူတွေရဲ့ အမျိုးမျိုးသော နည်းလမ်းတွေနောက် လိုက်မဲ့အစား သင့်ကိုယ်ပိုင်အမူအကျင့်တွေကို အကောင်းဆုံးအသုံးချရမယ်။ ကိုယ့်စတိုင်နဲ့ကိုယ် ခေါင်းဆောင် တစ်ယောက်ဖြစ်အောင် ကြိုးစားရမယ်။ 

  • လုပ်ငန်းတစ်ခုကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တိုင်း။ 

    • စစ်မှန်ပွင့်လင်းတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ မွေးမြူသင့်တဲ့ စိတ်သဘောထား။ 
    • အမေရိကန် ဂီတပညာရှင် ဂျယ်ရီ ဂါစီယာရဲ့ အတုယူစရာ ခေါင်းဆောင်မှုပညာ။ 
    • အလုပ်သမားတွေကို ဦးစားပေးခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးအမြတ်များ။