အကယ်၍ အကြောက်တရားကသာ သင့်ကို ဟန့်တားမနေဘူးဆိုရင် သင့်ဘဝဟာ ဘယ်လိုဖြစ်လိမ့်မလဲဆိုတာ စဉ်းစားဖူးပါသလား။ သင့်အနေနဲ့ မဖြစ်နိုင်ဘူးလို့ လူတိုင်းက ပြောနေတဲ့ကြားက သင်ဟာ သရုပ်ဆောင်သင်တန်းတစ်ခုကို ဇွတ်တက်နေမလား၊ ဒါမှမဟုတ် သင် သွားချင်တဲ့နေရာကို တစ်ယောက်တည်း ခရီးထွက်နေမလား၊ ဒါမှမဟုတ် သင် ချစ်တဲ့သူကို ရဲရဲဝံ့ဝံ့ ချစ်ရေး ဆိုနေမလား။ သေချာတာကတော့ အခုလက်တွေ့နဲ့မတူတဲ့ အခြားအခြေအနေတစ်ခုခုမှာ သင် ရှိနေမှာပါ။
ကျွန်မတို့ကိုယ်တိုင် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကျွန်မတို့အားလုံးမှာ ကြောက်စိတ်ကိုယ်စီနဲ့ပါ။ ဒီစိတ်ကြောင့်မို့ တစ်ခုခုဆို ရှောင်ပြေးဖို့ကိုသာ အလိုလျောက် စဉ်းစားတတ်ပါတယ်။ ကြောက်စိတ်က လူတစ်ယောက်ရဲ့အလားအလာတွေကို တားဆီး ပိတ်ပင်နိုင်ပါတယ်။ ကျွန်မတို့ဟာ ဘေးကင်းလုံခြုံဖို့ဆိုပြီး ကျွန်မတို့နဲ့အကျွမ်းတဝင်ရှိပြီးသား နယ်ပယ်မှာချည်း နေထိုင်တဲ့အခါ၊ အတွေ့အကြုံအသစ်တွေကို စူးစမ်းဖို့ ကြောက်ရွံ့လာပါတယ်။ အဲဒီအခါ၊ ကျွန်မတို့အဖို့ အခွင့်အလမ်း ကောင်းတွေ၊ မိတ်ဆွေကောင်းတွေနဲ့ လွဲချော် သွားစေတော့တာပါပဲ။ ဒီတော့၊ ကြောက်စိတ်ကိုအခြေခံတဲ့ ဘောင်အတွင်းကနေ ရုန်းထွက်နိုင်ဖို့ဆိုရင် ကျွန်မတို့ဟာ အဆင်မပြေမှုတွေကို ရင်ဆိုင်ရပါမယ်။ ဒါမှသာ အကြောက်တရားတွေကို အံတုနိုင်ပြီး၊ ဘဝရဲ့ အနှစ်သာရကို အပြည့်အဝခံစားနိုင်မှာ ဖြစ်ပါတယ်။
မိမိကိုယ်ကို တိုးတက်စေမှု (Self-improvement)ကို စိတ်ဝင်စားသူတိုင်း။
No New Notifications