Atomic Habits

James Clear
  •  16 min
  •  Audio Available

သင့်ဘဝမှာ သင်ကိုယ်တိုင် ပြောင်းလဲချင်တဲ့ အပြုအမူကောင်းတွေက ဘာတွေဖြစ်ပါသလဲ။ ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်တာတွေကို စားဖို့လား၊ စာအုပ်တွေကို ပိုပြီး ဖတ်ဖို့လား၊ ဘာသာစကားတစ်ခုကို သင်ယူဖို့လား၊ ဒါမှမဟုတ် ဂီတတူရိယာတစ်ခုကို တီးခတ်တတ်ဖို့လား။ ဘယ်လိုပြောင်းလဲမှုပဲဖြစ်ဖြစ် ပြောဖို့ လွယ်ပေမဲ့၊ လက်တွေ့လုပ်ဖို့က ခက်ပါတယ်။ ဥပမာ၊ အသီးအရွက်တွေ ပိုစားချင်တယ်ဆိုတာက သင် ဆန္ဒရှိသလောက် လက်တွေ့မှာ မလွယ်ပါဘူး။ ဗဟုသုတရမဲ့ စာအုပ်တွေဖတ်မယ်လို့ ပါးစပ်ကပြောနေပေမဲ့၊ လက်တွေ့မှာ တီဗွီစခရင်၊ ဖုန်းစခရင်တို့ကနေ မျက်နှာ မခွာနိုင်ကြတာတွေ ဒုနဲ့ဒေးပါပဲ။ 

ဒါကြောင့်၊ ဘဝအတွက် အရေးပါတဲ့ အပြုအမူကောင်းတွေ မွေးမြူချင်တယ်ဆိုရင် နေ့စဉ်ဘဝမှာ ဒါတွေကို အလေ့အကျင့်တွေ ဖြစ်လာအောင် ပြုစုပျိုးထောင်ရပါမယ်။ ဒီလိုပြောလို့၊ လက်ရှိ အလေ့အကျင့်၊ အပြုအမူတွေကို ပြောင်းလဲပြီး အသစ်ပြန်စရမယ်လို့ ဆိုလိုတာမျိုးတော့ မဟုတ်ပါ။ မပြောပလောက်တဲ့ ပြောင်းလဲမှုကလေးတွေကို နည်းနည်းစီစီ အကြိမ်ကြိမ် လုပ်သွားမယ်ဆိုရင် အဲဒါက ကြီးမားတဲ့ရလဒ်ဆီကို ဦးတည်တဲ့ အလေ့အကျင့်တွေ ဖြစ်လာမယ်လို့ ပြောလိုတာပါ။  

    • ကျန်းမာရေးအတွက် လိုအပ်တဲ့အလေ့အကျင့်တွေကို ပြုစုပျိုးထောင်ချင်သူတွေ။ 
    • ဘာပဲလုပ်ချင်လုပ်ချင် ကိုယ့်အတွက် အချိန်မရဘူးဆိုတဲ့သူတွေ။ 
    • အလေ့အကျင့်ကောင်းတွေကို မွေးမြူချင်စိတ် နည်းပါးသူတွေ။ 

    • အလေ့အကျင့်သေးသေးလေးတွေက ပြောင်းလဲမှုကြီးတွေကို ဖန်တီးပေးနိုင်တဲ့အကြောင်း။ 
    • အလေ့အကျင့်အသစ်တစ်ခု ပျိုးထောင်ရာမှာ လိုအပ်တဲ့ နည်းလမ်းတွေအကြောင်း။ 
    • အလေ့အကျင့်တွေရဲ့ အလုပ်လုပ်ပုံအကြောင်း။