Leaders Eat Last

Simon Sinek
  •  18 min
  •  Audio Available

ခေါင်းဆောင်တစ်ယောက်ရဲ့ အဓိကတာဝန်က သူ့ကိုယ်ကျိုးထက် လက်အောက်ငယ်သားတွေရဲ့ လိုအပ်ချက်ကို အလေးထား ဦးစားပေးဖို့ ဖြစ်တယ်လို စာရေးသူက တင်ပြထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ မန်နေဂျာတစ်ယောက်က လက်ငင်းပေးနိုင်တဲ့ အကျိုးအမြတ်တွေထက် အလုပ်သမားတွေရဲ့ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်တွေကို အလေးထားပေးဖို့ လိုပါတယ်။ ဒါမှသာ ကုမ္ပဏီအတွက်ရော ခေါင်းဆောင်တွေအတွက်ပါ အောင်မြင်မှု ပိုရနိုင်မှာ ဖြစ်ပါတယ်။ 

    • ကိုယ့်လုပ်ငန်းကို ဒီထက်မက အောင်မြင်အောင် ကြိုးစားနေသူတွေ။ 
    • ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ကိုယ့်အရည်အချင်းကို မြှင့်တင်ချင်သူတွေ။ 
    • စီးပွားရေးလုပ်ငန်းကို စတင်ထူထောင်လိုသူတွေ။ 

    • ယုံကြည်မှုပြည့်ဝပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အထောက်အကူပြုနိုင်တဲ့ အဝန်းအဝိုင်းတစ်ခုကို အားကောင်းအောင် ဖြည့်တင်းပေးနိုင်တဲ့ နည်းလမ်းတွေ။ 
    • ဒီလိုကြိုးစားတဲ့နေရာမှာ ဦးနှောက်ရဲ့ ဓာတုဗေဒဆိုင်ရာ အချက်အလက်တွေက ဘယ်လိုအရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသလဲဆိုတဲ့ အကြောင်းတွေ။ 
    • လူတစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ဆက်ဆံနိုင်ခွင့် ပိုရဖို့ လိုက်နာသင့်တဲ့ နည်းလမ်းအကြောင်းတွေ။