Positive Communication for Leaders

Julien C. Mirivel & Alexander Lyon
  •  25 min
  •  Audio Available

သင်ဟာ အလုပ်တွေ အရမ်းများပြီး ဖိအားတွေ ပိနေတဲ့ အသင်းအဖွဲ့တစ်ခုကို ဦးဆောင်ဖို့ တာဝန် ယူထားရတယ် ဆိုပါစို့။ ဒီလိုအလုပ်ခွင်မှာ အသစ်ဝင်လာတဲ့ဝန်ထမ်းတစ်ယောက်ကို သင်က အဖွဲ့ခေါင်းဆောင် အနေနဲ့ ခဏလောက်အချိန်ပေးပြီး နွေးနွေးထွေးထွေး ကြိုဆိုနှုတ်ဆက်လိုက်မယ်ဆိုရင် သူ့မျက်လုံးတွေ တဖျတ်ဖျတ်တောက်ပသွားတာကို မြင်ရပါလိမ့်မယ်။ နောက်ပြီး၊ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ ပရောဂျက်အကြောင်းပြောရင်း သူ့အထင်အမြင်ကို မေးကြည့်လိုက်တဲ့အခါ အကြံဉာဏ် အသစ်အဆန်းတွေ ထွက်လာတာမျိုးလဲ ကြုံရနိုင်ပါတယ်။ ဒါတွေဟာ စိတ်ကူးယဉ်ဇာတ်လမ်းသက်သက် မဟုတ်ပါဘူး။ လုပ်ငန်းခွင်မှာ အားသာချက်တစ်ခုဖြစ်တဲ့ ကောင်းမွန်စွာ ပြောဆိုဆက်ဆံခြင်းကို မီးမောင်းထိုးပြပေးနေတာပါ။  

ရိုးရှင်းလွယ်ကူပုံရတဲ့ ဒီအပြုအမူလေးတွေဟာ အသိအမှတ်ပြုခြင်းနဲ့ စိတ်ဝင်တစားရှိခြင်းကို ဖော်ပြပေးနေတာကြောင့် အလုပ်ခွင် တစ်နေ့တာကို အဓိပ္ပာယ်ရှိတဲ့နေ့အဖြစ်‌ ပြောင်းလဲစေနိုင်ပါတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ ဦးစီးဦးဆောင်ပြုပုံဟာ အဖွဲ့သားတွေနဲ့ ဆက်ဆံပြောဆိုပုံအပေါ် နက်နက် ရှိုင်းရှိုင်း မူတည်နေကြောင်းကိုလည်း သိသာထင်ရှားစေပါလိမ့်မယ်။

နှုတ်ခွန်းဆက်ခြင်း၊ မေးခွန်းမေးခြင်း၊ ချီးမွမ်းခြင်း၊ အားပေးခြင်းနဲ့ ဂရုတစိုက်နားထောင်ခြင်း စတဲ့အပြုအမူတွေဟာ ခေါင်းဆောင်မှုအပေါ် ဘယ်လိုစွမ်းအားတွေ ဖြည့်တင်းပေးနိုင်မလဲဆိုတာ ဒီစာအုပ်မှာ လေ့လာရမှာ ဖြစ်ပါတယ်။ ဒီလိုအပြုသဘောဆောင်တဲ့ ပြောဆိုဆက်ဆံရေးတွေဟာ သင့်ရဲ့ ခေါင်းဆောင်မှုပုံစံကို ဘယ်လိုမြှင့်တင်ပေးနိုင်မလဲ၊ အပြန်အလှန် လေးစားတန်ဖိုးထားတဲ့ ယဉ်ကျေးမှုတစ်ခုကို ဘယ်လိုတည်ဆောက်ပေးနိုင်မလဲ၊ နောက်ပြီး သင့်ရဲ့အသင်းအဖွဲ့ကို အလားအလာအပြည့်နဲ့တိုးတက်အောင် ဘယ်လိုပံ့ပိုးပေးနိုင်မလဲဆိုတာတွေကို လေ့လာဖတ်ရှုရမှာ ဖြစ်ပါတယ်။  


    • ခေါင်းဆောင်ကောင်း ဖြစ်လိုသူများ။
    • အလုပ်ခွင်ကို တိုးတက်ပြောင်းလဲစေလိုသူများ။
    • လုပ်ဖော်ကိုင်ဖက်များကို စိတ်အားတက်ကြွလာအောင် ကူညီအားပေးလိုသူများ။


    •  ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ အဓိကလိုအပ်ချက်တွေအကြောင်း
    • အလုပ်တစ်ခုမှာ ရည်မှန်းချက်ရှိဖို့ အရေးကြီးပုံအကြောင်း
    • ခေါင်းဆောင်တစ်ယောက်အတွက် အပြောအဆိုစွမ်းရည်ထက် နားထောင်ခြင်းစွမ်းရည်က ပိုအရေးကြီးကြောင်း။