The Art of Community

Charles Vogl
  •  26 min
  •  Audio Available

သဟဇာတဖြစ်လျက် သင့်မြတ်ညီညွှတ်နေတဲ့ လူအုပ်ကြီးထဲမှာ သင်ဟာ တစ်ယောက်ထဲ ကွဲထွက် အထီးကျန်နေပြီး ငါနဲ့ တကယ်သက်ဆိုင်တဲ့နေရာဟာ ဘယ်နေရာလဲလို့ တိတ်တဆိတ် တွေးနေခဲ့ဖူးပါလိမ့် မယ်။ ဒီကနေ့လို နည်းပညာခေတ်ကြီးမှာတောင်မှ အထီးကျန် အဖော်မဲ့နေတဲ့ခံစားချက်တွေ၊ အထင်အမြင် လွဲမှားမှုတွေ တသီကြီးနဲ့ ကိုယ်ပျောက်လူသားလို ခံစားနေရတဲ့လူတွေ တစ်စထက်တစ်စ ပိုများလာပါတယ်။

ဒီလိုနဲ့ ကျွန်မတို့မှာ အသိုင်းအဝိုင်းတစ်ခုကို တောင့်တနေမိတဲ့ခံစားချက်က အရင်ကထက်ပိုပြီး ပြင်းထန်လာပါတယ်။ ဒါပေမဲ့ အသိုင်းအဝိုင်းတစ်ခု တည်ဆောက်နည်းကိုတော့ ကျွန်မတို့ကို ဘယ်သူကမှ သင်ပြမပေးပြန်ပါဘူး။ ကျွန်မတို့အနေနဲ့ အလုပ်အတွက်ပဲဖြစ်ဖြစ်၊ ဘာသာရေးအတွက်ပဲဖြစ်ဖြစ်၊ ခင်မင် ရင်းနှီးမှုအတွက်ပဲဖြစ်ဖြစ် လူတွေနဲ့ ပေါင်းသင်းဆက်ဆံနေရတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ များသောအားဖြင့် ဒီပေါင်းသင်းဆက်ဆံရေးတွေဟာ အပေးအယူသက်သက်ပဲရှိပြီး ခိုင်မြဲကြန့်ကြာမှု မရှိတတ်ပါ။

ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဆက်ဆံရေးတွေ တည်ဆောက်ရာမှာ လိုက်နာရမည့်အချက်များ ဆိုပြီး ရှိခဲ့မယ်ဆိုရင် အဲ့ဒီအချက်တွေထဲမှာ ဘာတွေပါဝင်နေမလဲ။

ဒီအနှစ်ချုပ်ကို ရှာဖွေတွေ့ရှိလိုက်တဲ့အတွက် သင် ကံကောင်းတယ်လို့ ဆိုရပါမယ်။ ဒီစာအုပ်ထဲမှာ အသိုင်းအဝိုင်းတစ်ခု ဖွံ့ဖြိုးတည်မြဲစေမဲ့ အခြေခံစည်းမျဉ်း ၇ ချက်ကို ဖတ်ရှုမှတ်သားရမှာပါ။ ဒါတွေ ဖတ်ပြီးရင်၊ လူစုလူဝေးတစ်ခုကို ခိုင်မာတည်တံ့တဲ့ အသိုင်းအဝိုင်းတစ်ခုအဖြစ် ပြောင်းလဲပေးဖို့အတွက် လက်တွေ့ကျတဲ့ အခြေခံမူဘောင်တစ်ခုကို သင် ရရှိသွားမှာပဲ ဖြစ်ပါတယ်။


    • အသိုင်းအဝိုင်းတစ်ခု တည်ထောင်လိုသူများ၊
    • အသင်းအဖွဲ့စိတ်ဓာတ်ကို လေ့လာလိုသူများ၊
    • ထုံးတမ်းစဉ်လာတွေအကြောင်း စိတ်ဝင်စားသူများ။


    • အသိုင်းအဝိုင်း ဆိုတာရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်၊
    • အသိုင်းအဝိုင်းတစ်ခု တည်ဆောက်နည်း၊
    • အသိုင်းအဝိုင်းတစ်ခုရဲ့ အဓိပ္ပာယ်ကို ဖွဲ့စည်းထားတဲ့အရာတွေ။