ဒီစာအုပ်မှာ မဟာစီမံကိန်းတွေ မအောင်မြင်ရတဲ့အကြောင်းအရင်းကို ရှင်းပြထားပြီး ၊ အောင်မြင်အောင် လုပ်ဆောင်နိုင်မဲ့ နည်းလမ်းတွေကိုလဲ ဖော်ပြထားပါတယ်။ မဟာစီမံကိန်း အများစုဟာ ရသုံးမှန်းခြေ ငွေစာရင်းထက် ကျော်လွန်သွားတာ၊ သတ်မှတ်ရက်မှာ မပြီးတာ၊ စီမံကိန်း ရေးဆွဲရာမှာ အားနည်းချက်ရှိတာ၊ ယုံကြည်မှုလွန်ကဲတာတို့ကို ကြုံတွေ့ရပါတယ်။ စီမံကိန်းကို အကောင်အထည်ဖော်ဖို့ စိတ်မစောဘဲ တဖြည်းဖြည်းစဉ်းစားပြီးမှ မြန်မြန်လုပ်ဆောင်တာ၊ ထိထိရောက်ရောက် စီမံကိန်း ရေးဆွဲတာတို့ကတော့ စီမံကိန်းကို အကောင်အထည်ဖော်ရာမှာ မြန်ဆန်စေတဲ့အပြင် ယုံကြည်စိတ်ချရစေပါတယ်။ စီမံကိန်းတွေကို အစိတ်အပိုင်းငယ်လေးတွေ အဖြစ် ခွဲထုတ်လုပ်ဆောင်ပြီးမှ စုစည်းတည်ဆောက်တာက သင့်စီမံကိန်းကို အောင်မြင်စွာ အကောင် အထည် ဖော်နိုင်စေမှာ ဖြစ်ပါတယ်။
No New Notifications