လူတွေဟာ သူတို့ရဲ့အမှားတွေနဲ့ သံသယဖြစ်ဖွယ်လုပ်ရပ်တွေက တရားမျှတကြောင်း ဘာ့ကြောင့် ပြောတတ်ကြတာပါလဲ ။ ဒီစာအုပ်ထဲမှာ လူမှုစိတ်ပညာရှင်တွေဖြစ်ကြတဲ့ စာရေးဆရာနှစ်ယောက်က ဒီမေးခွန်းရဲ့အဖြေကို ဖော်ပြထားပါတယ်။ ကျွန်တော်တို့ရဲ့ အတွေးတွေ၊ တန်ဖိုးထားမှုတွေနဲ့ အပြုအမူတွေက တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်ဖြစ်တဲ့အခါ “ သိမှု မညီညွတ်ခြင်း ” (Cognitive dissoance) ကို ကြုံရတတ် ပါတယ်။ ဥပမာ - တစ်ခုခုကို ကောင်းစွာ လုပ်တတ်တယ်လို့ ထင်နေပေမဲ့ ၊ တကယ်လုပ်တဲ့အခါ အမှားကြီးမှားသွားတတ်တာမျိုးပါ။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ရဲ့အသိအမြင်နဲ့ လက်တွေ့ရလဒ်တို့က မညီညွတ်တော့ပါဘူး။ ဒီအခြေအနေမှာ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှု က အပျော့စားအဆင့်ကနေ လုံးဝပြင်းထန်တဲ့အဆင့်ထိ ရောက်သွားနိုင်ပါတယ်။ လူတွေဟာ ဒီလို သိမှု မညီညွတ်ခြင်းတွေကနေ သက်သာရာရဖို့ အတွက် ကိုယ် လုပ်တာမှန်တယ်၊ တရားမျှတတယ်ဆိုပြီး “ မိမိ တရားမျှတကြောင်း တွေးယူခြင်း ” (Self - Justination)ကို ပြုလုပ်တတ်ကြ ပါတယ်။
No New Notifications